Feeds:
Posts
Comments

Archive for December, 2019

December

 

 

နောက်ဆို

ကိုမပါတော့ဘူးနှင်းရေ

 

အနီရောင်ဟာ ပူတယ်

အဲ့စာကြောင်းက ဘာသာပြန်လိုက်မှ

မူလအဓိပ္ပါယ်ကို ရောက်ပါလိမ့်မယ်

 

အပြင်မှာ ဘယ်လိုနေလဲ

လွမ်းတဲ့အခါ

ခြေဖျားလေးတွေ

ကုပ်သွားသေးလား

 

ဟုတ်ပါတယ်

အလင်းရောင်ဟာ

အဲ့ကွဲကြောင်းလေးထဲက ဝင်လာတာ

Read Full Post »

 

ငှက်တစ်ကောင်ပုံဆိုပြီး ဆွဲလိုက်တယ် တကယ်တော့ အဲဒါ ငှက်ရဲ့ ပျံသန်းခြင်းပဲ၊ ငှက်တောင် မပါသေးတဲ့ ပျံသန်းခြင်းပေါ့၊  ငှက်နဲ့အတူ ကြီးပြင်းလာတဲ့ ပျံသန်းခြင်း၊ ပျံသန်းခြင်းရဲ့ လှိုင်းတွေထဲမှာပဲ ငှက်ဟာ နွမ်းလျလာ၊ ပျံနေတဲ့ ငှက်တကောင်ပုံ ငါမဆွဲပါ၊ ပျံသန်းခြင်းကသာ သူ့ဟာသူဆွဲသွားတာ၊ ငါလား၊ ငါကတော့ ငါ့ကိုယ်ငါ ဘုရားသခင်လိုလို ဘာလိုလို၊ လေနဲ့ မှတ်ဉာဏ်အတွက်သာ တေးချင်းဖွဲ့လို

 

မူရင်းကဗျာဆရာ = José Mármol

မူရင်းကဗျာ = sketch of flight

မူရင်းဘာသာ = စပိန်

အင်္ဂလိပ်ဘာသာမှ ပြန်ဆိုသူ = Erica Mena

Read Full Post »

ညနေ

 

မိုးတွေ ပန်းပွင့်ရဲ့ရိုးတံလို ရွာတယ်။

မိုးရေထုနဲ့ တိုးမိသွားတဲ့ အင်းဆက်တွေ သစ်ရိပ်အောက် ခိုနေ။

နံရံတ၀ိုက် အုံဖွဲ့ရင်း လေညှင်းသဲ့သဲ့ကို အာရုံခံနေကြတယ်။

အသံဗလံတွေကို နေကသတ်ပစ်လိုက်တယ်၊ လှိုင်းတွေ။

ငါ့အရိုးစုက အဲဒီအပေါ် ပန်းဖြူဖြူတွေ ထားပေးလိုက်တယ်။

အတွေးတွေကြောင့် အနှောက်အယှက်ဖြစ်နေရတဲ့ငါးဟာ ကမ်းပါးယံကို တွယ်တက်နေတယ်။

 

မူရင်းကဗျာဆရာမ = Sagawa Chika

မူရင်းကဗျာ = Afternoon

မူရင်းဘာသာ = ဂျပန်

အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Sawako Nakayasu

Read Full Post »

လူအအိပ်မက်

#လူအအိပ်မက်၎

မိုးရေထဲ
တယ်လီဗေးရှင်းတစ်လုံး
ငါနဲ့လာစကားပြောနေ
တယ်လီဗေးရှင်းကို
စကားပြန်ပြော(ခွင့်)ရတာ
ဒါပထမဆုံး
နိုးလာတော့
ဘာတွေပြောကြသလဲ
ငါသတိမရ

-မဆ

 

#လူအအိပ်မက်၁၇

နင် လျှောက်နမ်းတဲ့နေရာတွေမယ်
မှဲ့တွေပေါက်လာတယ်
နောက်တော့
မှဲ့တွေက အရမ်းယားတာပဲ
………
မှဲ့တွေ ပဲ့ထွက်ကုန်တဲ့အထိ
ငါကုတ်ဖဲ့..

 

#လူအအိပ်မက်၁၀

ငါငိုတဲ့အခါ
မျက်လုံးတွေ စီးကျလာတယ်
ငါ့မှာ မျက်လုံးတွေ အဲလောက်များများရှိမှန်း
မသိခဲ့
ငါ ဘာဖြစ်လို့ ငိုမိလဲ
မေ့လျော့သွားတော့တယ်

-မဆ

 

#လူအအိပ်မက်၆

အရောင်ရှိတဲ့လေ
တိုက်နေ..
အိပ်မက်နေမှန်း
ငါသိလိုက်တယ်

-မဆ

 

#လူအအိပ်မက်၅

လိင်တူဆက်ဆံနေတဲ့
ကျားနှစ်ကောင်အနား
ချွေးတွေရွဲနင့်နေတဲ့
စာခြောက်ရုပ်
ငါ
-မဆ

Read Full Post »

 

အဲဒီကနေကြည့်ရင် ငါ့ကိုဇောက်ထိုးမြင်ရမယ်

လေမရှိတာ့ နေ့လယ်၂နာ၇ီမှာ လက်ဖက်ရည်ကို မှုတ်သောက်လို့မရဘူး

အိမ်တွေဟာ ပျံနေတော့ အိမ်ပြန်စရာလဲမလိုတော့

နောက်ကလိုက်လာတဲ့နွားရိုင်းနဲ့ ဆဲဖီရိုက်ချင်လဲရိုက်

ဝှ့မယ်ကြံတုံး ဒင်းအနောက်ကိုလန်လန်သွားမှာ

Read Full Post »

ပင်လယ်ငါး

 

နေရောင်ခြည်တောက်ပ တစ်နေ့မှာ

ပင်လယ်ငါးဟာ ကျွန်တော့် ခြေချောင်းတွေကို တိုက်ခိုက်ခဲ့တယ်

အဲဒါကြောင့် ပင်လယ်မှာ ငါးရှိတယ်

ကျွန်တော် သိခဲ့တယ်

ကျွန်တော့် မျက်ခွံတွေ

လေး

လာမှာ ကျွန်တော်စောင့်နေခဲ့မယ်

ထင်တယ်

အဲဒါ မဖြစ်ခဲ့ဘူး

 

နောက်တစ်ခေါက်

ပင်လယ်ငါးနဲ့ တွေ့တော့

အပန်းဖြေကမ်းခြေခရီးမှာ

ပင်လယ်ငါးလည်း သောင်ပြင်ပေါ် အပန်းဖြေနေပုံ

သူ့ကို ဆုပ်ကိုင်ဖို့ ကျွန်တော် အားထုတ်ရတယ်

ချောမွေ့ပြီး ကျစ်လျစ် နွေးထွေးတဲ့ ကိုယ်လုံးလေး

အေးပြီးတောင့်တင်းလာတယ်

သူနဲ့ ကျွန်တော် ဆဲဖီရိုက်တယ်

ပြီးတော့ သဲမှုံတွေနဲ့ လက်ထတဲ့ရေစပ်ဆီ

လွှဲ

ပစ်လိုက်တဲ့အခါ

သူ

အဝေးကို ကူးခတ်သွားတော့တယ်

Read Full Post »