မိုးရေထဲ
တယ်လီဗေးရှင်းတစ်လုံး
ငါနဲ့လာစကားပြောနေ
တယ်လီဗေးရှင်းကို
စကားပြန်ပြော(ခွင့်)ရတာ
ဒါပထမဆုံး
နိုးလာတော့
ဘာတွေပြောကြသလဲ
ငါသတိမရ
-မဆ
နင် လျှောက်နမ်းတဲ့နေရာတွေမယ်
မှဲ့တွေပေါက်လာတယ်
နောက်တော့
မှဲ့တွေက အရမ်းယားတာပဲ
………
မှဲ့တွေ ပဲ့ထွက်ကုန်တဲ့အထိ
ငါကုတ်ဖဲ့..
ငါငိုတဲ့အခါ
မျက်လုံးတွေ စီးကျလာတယ်
ငါ့မှာ မျက်လုံးတွေ အဲလောက်များများရှိမှန်း
မသိခဲ့
ငါ ဘာဖြစ်လို့ ငိုမိလဲ
မေ့လျော့သွားတော့တယ်
-မဆ
အရောင်ရှိတဲ့လေ
တိုက်နေ..
အိပ်မက်နေမှန်း
ငါသိလိုက်တယ်
-မဆ
လိင်တူဆက်ဆံနေတဲ့
ကျားနှစ်ကောင်အနား
ချွေးတွေရွဲနင့်နေတဲ့
စာခြောက်ရုပ်
ငါ
-မဆ
Leave a Reply