ငှက်တစ်ကောင်ပုံဆိုပြီး ဆွဲလိုက်တယ် တကယ်တော့ အဲဒါ ငှက်ရဲ့ ပျံသန်းခြင်းပဲ၊ ငှက်တောင် မပါသေးတဲ့ ပျံသန်းခြင်းပေါ့၊ ငှက်နဲ့အတူ ကြီးပြင်းလာတဲ့ ပျံသန်းခြင်း၊ ပျံသန်းခြင်းရဲ့ လှိုင်းတွေထဲမှာပဲ ငှက်ဟာ နွမ်းလျလာ၊ ပျံနေတဲ့ ငှက်တကောင်ပုံ ငါမဆွဲပါ၊ ပျံသန်းခြင်းကသာ သူ့ဟာသူဆွဲသွားတာ၊ ငါလား၊ ငါကတော့ ငါ့ကိုယ်ငါ ဘုရားသခင်လိုလို ဘာလိုလို၊ လေနဲ့ မှတ်ဉာဏ်အတွက်သာ တေးချင်းဖွဲ့လို
မူရင်းကဗျာဆရာ = José Mármol
မူရင်းကဗျာ = sketch of flight
မူရင်းဘာသာ = စပိန်
အင်္ဂလိပ်ဘာသာမှ ပြန်ဆိုသူ = Erica Mena
Leave a Reply