Feeds:
Posts
Comments

Archive for the ‘Poem’ Category

အဘိုးသို့

 

၁။

တနေရာရာမယ်
မတ်စိဟာ မေးစေ့အောက်ကနေ လျှောကျခဲ့

သစ်ရွက်တွေကလည်း အစိမ်းရောင်
ရွာနေတဲ့မိုးကလည်း ဖြူရော်ရော် ညစ်တစ်တစ်

ကမ်းစပ်မယ် တစ်ယောက်တည်း
ဒီနေရာမယ် ဘာများမတူတာရှိလဲတွေးနေ

 

 

၂။

အဘိုးဟာ
အိမ်ဖော်မလေးရဲ့ နိုသီးခေါင်းကို
ခြင်ဘက်တံအကွက်ထဲထည့်
ပါဝါကို ဖွင့်လိုက်ဖူးတယ်

သံတံခါးကို နောက်တခါဟလိုက်တော့
အဘိုးအဝတ်အစားတွေ အကုန်
လောင်ကြွမ်းပြီး
ဝါပျစ်ပျစ် အရည်တွေ တလက်လက်
အောက်က အဘိုးမဟုတ်တဲ့ နောက်(အဘိုး/အဘွား/အဖေ/အမေ/သား/သမီး/မြေး/မြစ်)တယောက်ပေါ် စီးကျသွားတယ်

 

Read Full Post »

December

 

 

နောက်ဆို

ကိုမပါတော့ဘူးနှင်းရေ

 

အနီရောင်ဟာ ပူတယ်

အဲ့စာကြောင်းက ဘာသာပြန်လိုက်မှ

မူလအဓိပ္ပါယ်ကို ရောက်ပါလိမ့်မယ်

 

အပြင်မှာ ဘယ်လိုနေလဲ

လွမ်းတဲ့အခါ

ခြေဖျားလေးတွေ

ကုပ်သွားသေးလား

 

ဟုတ်ပါတယ်

အလင်းရောင်ဟာ

အဲ့ကွဲကြောင်းလေးထဲက ဝင်လာတာ

Read Full Post »

လူအအိပ်မက်

#လူအအိပ်မက်၎

မိုးရေထဲ
တယ်လီဗေးရှင်းတစ်လုံး
ငါနဲ့လာစကားပြောနေ
တယ်လီဗေးရှင်းကို
စကားပြန်ပြော(ခွင့်)ရတာ
ဒါပထမဆုံး
နိုးလာတော့
ဘာတွေပြောကြသလဲ
ငါသတိမရ

-မဆ

 

#လူအအိပ်မက်၁၇

နင် လျှောက်နမ်းတဲ့နေရာတွေမယ်
မှဲ့တွေပေါက်လာတယ်
နောက်တော့
မှဲ့တွေက အရမ်းယားတာပဲ
………
မှဲ့တွေ ပဲ့ထွက်ကုန်တဲ့အထိ
ငါကုတ်ဖဲ့..

 

#လူအအိပ်မက်၁၀

ငါငိုတဲ့အခါ
မျက်လုံးတွေ စီးကျလာတယ်
ငါ့မှာ မျက်လုံးတွေ အဲလောက်များများရှိမှန်း
မသိခဲ့
ငါ ဘာဖြစ်လို့ ငိုမိလဲ
မေ့လျော့သွားတော့တယ်

-မဆ

 

#လူအအိပ်မက်၆

အရောင်ရှိတဲ့လေ
တိုက်နေ..
အိပ်မက်နေမှန်း
ငါသိလိုက်တယ်

-မဆ

 

#လူအအိပ်မက်၅

လိင်တူဆက်ဆံနေတဲ့
ကျားနှစ်ကောင်အနား
ချွေးတွေရွဲနင့်နေတဲ့
စာခြောက်ရုပ်
ငါ
-မဆ

Read Full Post »

 

အဲဒီကနေကြည့်ရင် ငါ့ကိုဇောက်ထိုးမြင်ရမယ်

လေမရှိတာ့ နေ့လယ်၂နာ၇ီမှာ လက်ဖက်ရည်ကို မှုတ်သောက်လို့မရဘူး

အိမ်တွေဟာ ပျံနေတော့ အိမ်ပြန်စရာလဲမလိုတော့

နောက်ကလိုက်လာတဲ့နွားရိုင်းနဲ့ ဆဲဖီရိုက်ချင်လဲရိုက်

ဝှ့မယ်ကြံတုံး ဒင်းအနောက်ကိုလန်လန်သွားမှာ

Read Full Post »

ပင်လယ်ငါး

 

နေရောင်ခြည်တောက်ပ တစ်နေ့မှာ

ပင်လယ်ငါးဟာ ကျွန်တော့် ခြေချောင်းတွေကို တိုက်ခိုက်ခဲ့တယ်

အဲဒါကြောင့် ပင်လယ်မှာ ငါးရှိတယ်

ကျွန်တော် သိခဲ့တယ်

ကျွန်တော့် မျက်ခွံတွေ

လေး

လာမှာ ကျွန်တော်စောင့်နေခဲ့မယ်

ထင်တယ်

အဲဒါ မဖြစ်ခဲ့ဘူး

 

နောက်တစ်ခေါက်

ပင်လယ်ငါးနဲ့ တွေ့တော့

အပန်းဖြေကမ်းခြေခရီးမှာ

ပင်လယ်ငါးလည်း သောင်ပြင်ပေါ် အပန်းဖြေနေပုံ

သူ့ကို ဆုပ်ကိုင်ဖို့ ကျွန်တော် အားထုတ်ရတယ်

ချောမွေ့ပြီး ကျစ်လျစ် နွေးထွေးတဲ့ ကိုယ်လုံးလေး

အေးပြီးတောင့်တင်းလာတယ်

သူနဲ့ ကျွန်တော် ဆဲဖီရိုက်တယ်

ပြီးတော့ သဲမှုံတွေနဲ့ လက်ထတဲ့ရေစပ်ဆီ

လွှဲ

ပစ်လိုက်တဲ့အခါ

သူ

အဝေးကို ကူးခတ်သွားတော့တယ်

Read Full Post »

 

တောင်ကုန်းပေါ်တက်တဲ့ လမ်းလေးအဆုံးမှာ

ကြိုးပုခက်တစ်ခု၇ှိနေမယ်လို့ ဘယ်သူသိမလဲ

တိမ်တွေခေါင်းပေါ်ကိုေ၇ာက်လာတာနဲ့

ကိုယ်တို့ဆက်ဆံခဲ့တာတွေ ကိုယ်မေ့သွားတော့တယ်

ခြံထဲက သစ်သီးတွေအ၇င့်အမှည့်မြန်လာတာကို

ို့အကောက်အယူလွဲမိကြတာ

နေေ၇ာင်ဟာ တောင်ကြားလမ်းထဲ

ခုန်ချခဲ့ပေမယ့်ေ၇ာက်မသွားခဲ့သလိုမျိုး

မသိစိတ်ကသိမ်းထားတဲ့ကတိတွေကို

နှစ်နှစ်တခါနေပြပေးလေ

အဲ့လိုမှားခဲ့တာက အမှန်ဖြစ်ချင်ဖြစ်နေမှာ

 

Read Full Post »

၂၀၁၅

#ပန်းခြံ

တိတ်ဆိတ်တဲ့ထီးထဲမှာ

ညနေဟာ ပွင့်လျက်သား

 

 

September 16, 2015 ·

 

#ချစ်တော့ချစ်တယ်အလိုမလိုက်ဘူး

ရွာရန်ရာနှုန်း ရှစ်ဆယ်ကို

လက်သည်းနဲ့ မထိမိအောင်

ဂရုစိုက်ပီး စွပ်လိုက်တယ်

 

 

September 14, 2015 ·

 

#ကမ်းခြေ

 

တနေ့ခင်းလုံး

သူ ဘောင်းဘီဇစ်ပြုတ်နေတဲ့ ကိစ္စ

ဘယ်သူမှ မပြောကြဘူး

 

 

August 27, 2015 ·

 

#ပန်းဆိုးတန်း

ဝေါခနဲရွာအချ..

အားလုံးပြေးထွက်လိုက်ကြတယ်

အမိုးအကာတခုအောက်ဆီ

နှစ်တွေချီချင်လဲချီလိမ့်မယ်

 

 

August 24, 2015 ·

 

#အော်ဂဈန်

မနေ့က လိုအင်ပြည့်မှုဟာ

ဒီနေ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပဲ

အရူးတွေနဲ့ မျက်လုံးချင်းမဆုံမိအောင်

နေရတယ်

Read Full Post »

 

လမ်းတွေပေါ် ဒေါင်လိုက်လျောက်သွားတယ်
စားသောက်ဆိုင်တွေမယ် အလျားလိုက် ဝင်ရောက်စားသောက်တယ်
အခန်းထဲကို အလျားလိုက်ဝင်ရောက်ပြီး
အိပ်ယာပေါ်မယ် ဒေါင်လိုက်အိပ်စက်ပစ်လိုက်တယ်
သူမဖျော်လာတဲ့ကော်ဖီကို အလျားလိုက်သောက်ချပီး
သူနဲ့ဒေါင်လိုက်လိင်ဆက်ဆံကြတယ်
ရုပ်ရှင်ရုံထဲမှာ အလျားလိုက်ကြည့်ရှုဖို့ ခွင့်ပြုခြင်းမခံရတဲ့အခါ
စက်ဘီးတစီးငှါးရမ်းပီး အလျားလိုက်စီးနင်းခဲ့တယ်
ပင်လယ်မှာ ဒေါင်လိုက်ကူးခတ်နေတုံး ဆယ်တင်ဖယ်ရှားခြင်းခံလိုက်ရတယ်
အဲဒါနဲ့သစ်ပင်တပင်ပေါ်
ဒေါင်လိုက်တက်ဖို့ကိုပဲ ပြောင်းလဲကြိုးပမ်းခဲ့ရတယ်
နောက်ဆုံးတော့ အလျားလိုက်ဖတ်ခဲ့မိတဲ့စာအုပ်တွေ အားလုံးကို ဒေါင်လိုက် ပြန်ဖတ်တယ်
ဒေါင်လိုက်ပြောဖြစ်ခဲ့တဲ့စကားတွေ အလျားလိုက်ပြန်ပြောတယ်

– မဆ

Read Full Post »

အိပ်မက်ထဲမှာ

သူဟာ ကားကို ဒရစ်ဆွဲနေ

ရိုးသားရင်း

ယုံကြည်ရင်း သူ အိုသွားပြီ

တခုခုကို တိုက်မိမလို

ဖြစ်သွားသေးတယ်

သူ့မိန်းမရဲ့ တင်ပါးတွေတောင်

အရင်လို ကြည့်မကောင်းတော့

အပြင်မှာ

သူစတီယာရင်တောင် မကိုင်ဖူးဘူးဆိုတာ

အိပ်မက်ထဲမှာတင် သတိရ

 

သတိတွေရ

Read Full Post »

The_Actor

လူသေအလောင်းတလောင်းအဖြစ်
သူ၏ သရုပ်ဆောင်ဘဝကို စတင်ခဲ့သည်
နောက်တကားတွင်
ကလေးတယောက်က ကိုယ်ဝန်ဆောင်ကို ပစ်ပေါက်လိုက်သော နှင်းဘောလုံး
(ထိုနှင်းဘောလုံးကြောင့် ကိုယ်ဝန်ပျက်ကျသွား) အဖြစ်ပါဝင်သည်
ထို့နောက်သူ ကံပိုလိုက်လာသည် ပြောရမလား
ရာစုနှစ်တဝက်လောက် ပရိသတ်ရင်ကို ဖမ်းစားခဲ့သည့် မင်းသမီးနှင့် တွဲဖက်ပါဝင်ခွင့်ရ
(ထိုကားတွင် မြစ်ရေအဖြစ် သူပါဝင်ခဲ့ပြီး
မင်းသမီး၏ နာမည်ကျော်ပေါင်များကို
သူ အောက်မှ ပင့်၍ အားရပါးရ ကြည့်ခွင့်ရ)
ထို့နောက်ကားရိုက်ပြတ်သွားပြီး ငွေလိုသဖြင့်
သိပ်အရေးမပါသော အခန်းမှ ပါဝင်ရန် သဘောတူခဲ့ရသည်
ထိုကားတွင် စိတ္တဇ လူသတ်သမား မင်းသား၏ မျက်နှာဖုံးအဖြစ် သူ ပါဝင်ခဲ့
(စကားကို သွားကြားမှလာသောလေသံဖြင့်ပြောရင်း
ခြောက်ကပ်ကပ်ရယ်သံကို ပြုလုပ်နေစဉ် မင်းသားမျက်ရည်ကျနေသည်ကို သူမြင်ခဲ့)

 

 

Read Full Post »

Older Posts »