Feeds:
Posts
Comments

Archive for the ‘Prose’ Category

သူ့ဘ၀၏ အရေးပါသော အဖြစ်အပျက်များသည်  မြန်မာ့သမိုင်းနှင့်သော်လည်းကောင်း၊ ကမ္ဘာ့သမိုင်းနှင့်သော်လည်းကောင်း ဆက်စပ်ခြင်း မရှိပေ။ ကျောင်းတိုင်များကို သဘောကျ၍ အင်ဂျင်နီယာပညာကို သင်ယူရန် သူဆုံးဖြတ်ခဲ့သည်။ ကျောင်းတိုင်များအကြောင်း စဉ်းစားမိလျှင် ဦးအာပိုကို သူသတိရသည်။ လွှမ်းမိုးသီချင်းကြားလျှင် သူ့သူငယ်ချင်းတစ်ယောက်ကို သတိရသကဲသို့ပင်။ ဘ၀ဆိုသည်မှာ ယင်းကဲ့သို့ ဟိုက်ပါလင့်ခ်များနှင့် ဖွဲ့စည်းထားသည်လား။ တောကျောင်းဆြာနှင့် အက်ပရက်ဆို သောက်ဖြစ်သည့်အခါ ဆွေးနွေးကြည့်ရမည်။ ယခုဤစာသည် မြင့်သန်း၏ သူရေး၍ သူကြိုက်သောစာထဲမှ စာများနှင့် ဆင်ကောင်းဆင်နေမည်။ မြင့်သန်းက ထိုစာများကို သူမကြိုက်တော့ နောက်ပိုင်းတွင် ပြောကြောင်း သူပြန်ကြားရသည်။ သို့မဟုတ် ဖတ်ရသည်။ သူကတော့ မြင့်သန်း၏ ထိုစတိုင်ကို ယခုအထိ နှစ်ချိုက်နေဆဲပင်။ ဆင်ဂယ်မော့ဝီစကီများက မြင့်သန်း၏ အကြိုက်ကို ပြောင်းလိုက်ခြင်း ဖြစ်ကောင်းဖြစ်မည်။ သူကား ဆင်ဂယ်မော့ မှန်မှန် မသောက်နိုင်သဖြင့် ဘီဖော်တူးသောင်ဇင်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဆန်စင်ရာ ကျည်ပွေ့လိုက်သည့်နည်းကို မသုံးမိစေရန် အစသို့ ပြန်သွားရအောင်။ သူ့ဘ၀၏ ပထမဆုံးအရေးပါသော အဖြစ်အပျက်မှာ ခြောက်တန်းတွင် ကောင်မလေးတစ်ယောက်ကို စကြိုက်ခဲ့ခြင်းလား၊ ရှစ်တန်းတွင် သူငယ်ချင်းကောင်မလေးတစ်ယောက်နှင့် ရန်ဖြစ်သဖြင့် လက်ကို ခဲတံဖြင့် အထိုးခံရခြင်းလား မသေချာပေ။ သူ့ဘ၀တွင် အရေးပါသော အဖြစ်အပျက်များမှာ မိန်းမများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေခဲ့တတ်သော်လည်း မိန်းမများနှင့် မဆက်စပ်သည့် ထိုအဖြစ်အပျက် (ကျောင်းရွေးခြင်း)က သူ့ဘ၀လမ်းကြောင်းအပေါ် များစွာ အဆုံးအဖြတ်ပေးခဲ့သည်ကို သူသတိပြုမိလာခဲ့သည်။

ဦးအာပိုအကြောင်းဖြတ်ပြောရလျှင် မဆလခေတ်က ကောင်စီလား ပါတီလား အဲဒါမျိုးဖြစ်သည်။ သူ့တာဝန်က ငါးဖမ်းလှေများကို စစ်ဆေးခြင်းလား ကြီးကြပ်ခြင်းလား အဲဒါမျိုးဖြစ်သည်။ ငါးလှေကပ်ရာ ဆိပ်သည် သူ့ရုံးခန်း။ ငါးသည်မိန်းမများဘက်ကို ကျောပေး၍ ပေါင်ကြားမှ ဂွေးဥနှစ်လုံးကို ဖော်၍ အိပ်လေ့ရှိသည်။ ယင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲအချက်အလက်များ သူမသိရသော်လည်း ဦးအာပိုသည် သူ့အတွက် အောတိုင်းမ်ဟီးရိုးဖြစ်ရခြင်းမှာ ပခုက္ကူဘက်ရှိ ပခန်းကြီးကျောင်းသို့ အလည်အပတ်သွားရာတွင် ညဘက် ကျောင်းအောက်ဆင်း အလေးစွန့်ပြီး အီးကုန်းစရာ ရှာမတွေ့သဖြင့် ဖင်ပြောင်အောင် ကျောင်းတိုင်နှင့် ပွတ်ခဲ့ခြင်းဖြစ်သည်။ (သင့်အနေဖြင့်လည်း လာမည့်နွေရာသီတွင် ခရီးထွက်ဖြစ်ပါက ပခုက္ကူဘက်သို့ သွားရန် ရွေးချယ်နိုင်ပေသည်။)

ဦးအာပိုနှင့် ကျောင်းတိုင်များကြားအဆက်အစပ်အကြောင်း ပြောအပြီးတွင် ဘီယာကုန်သွားသဖြင့် စကားစပြတ်သွားရသည်။ သူ့ဘ၀တွင် အရေးပါသောအဖြစ်အပျက်များအဖြစ် ကာမျူး (ကေးမတ်စ်ဟု ခေါ်ချင်လည်းခေါ်)၏ လာအီထရိန်ဂျာနှင့် ဂျေဒီဆလင်းဂါး၏ ကက်ချာအင်းသရိုင်းတို့ကို (ဗမာလို)ဖတ်မိခြင်းတို့ကိုလည်း ထည့်သွင်းရပေမည်။

ထိုစာအုပ်များမဖတ်ခဲ့သော သူငယ်ချင်းများ ကိုယ်ပိုင်ကားစီးနေသည်ကို တွေ့ရသောအခါ သူမည်သို့ ခံစားရမည်နည်း။ ရှိစေတော့။ ထိုအကြောင်းများကို မဆွေးနွေးလို။ ဦးအာပိုတွင် သမီးအပျိုကြီးတစ်ယောက်ရှိသည်ကို သူသတိရလာသည်။ နှစ်ပေါင်းများစွာကြာပြီးမှ ထွက်ရှိလာသော အပျိုကြီးများ၏ အ၀ါရောင်သုတ်ခဲများအကြောင်းသို့ လမ်းချော်ရန် စိတ်ကူးမရှိပါ။ အဆိုပါသုတ်ခဲများကို ဖင်ထူသော ဖန်ခွက်ဖြင့်ထည့်ပြီး မြင့်သန်းကို တိုက်ရသော် အဘယ်သို့ နေမည်နည်း။ ထားပါ။ ကျောက်စရစ်ခဲဆားစိမ်ကို သယ်ဆောင်လာသော မြင့်သန်းကို သူအမြဲတစေ ကျေးဇူးတင်နေမည်သာ ဖြစ်သည်။

သူ သူမကို ချစ်ခဲ့သည်။ ဒီလိုပဲ သူယုံကြည်ခဲ့သည်။ သူ့အချစ်ကို သူမသိအောင် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ သူအသက်ဆက်ရှင်နေခြင်းသည်လည်း သူ သူမကို ချစ်ကြောင်း သက်သေပြရန်ပင်။ သူ တခြားမိန်းမတွေနဲ့အိပ်တာ၊ နောက်ဆုံး တခြားမိန်းမတစ်ယောက် (ဒီနေရာမှာ အင်္ဂလိပ်လိုဆိုရင်ဖြင့် အားသားနှင့် အနားသား ကွဲအောင် ရေးနိုင်ပေချိမ့်)ကို လက်ထပ်ပြီး ကလေးတွေဘာတွေမွေးလိုက်တာ..ဒါတွေဟာလည်း သူ့အချစ်ကို သက်သေပြဖို့ ကြိုးစားခဲ့ခြင်းပင်။

ဆယ်နှစ်ကြာပြီးနောက် ငါးမန်းတောင်ကို သူမကြိုက်မှန်း သေချာသွားခဲ့သည်။ တိမ်တွေတောက်နေပြီ။ ခရမ်းရောင်တိမ်များကား သူ့အချစ်အတွက် ၀စ်တနက်စ်ဖြစ်စေသတည်း။ ကောင်းကင်ဟာ ကြောက်စရာကောင်းတယ်။ မီခဲဟူလီဘက်လိုပဲ ကြောက်စရာကောင်းတယ်။

သူမမျက်နှာလေးကို ချစ်ပေမယ့် သူမရဲ့ ခြေထောက်တွေကို မချစ်နိုင်ပေ။ ထိုကြောင့် သူ့အနေဖြင့် ခြေထောက်လှသော မိန်းမတွေနဲ့ ပတ်သက်ဖို့ ဖြစ်လာခဲ့သည်။ အဲလိုနဲ့..လေရူးသုန်သုန်ကို မဖတ်ဖူးတဲ့ စကားလက်ဆိုတဲ့ ကောင်မလေးနဲ့ သူတွေ့တယ်။ အဲဒီမနက်က သူမဟာ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးခါစဖြစ်မယ်။

Read Full Post »

တစ်ယောက်ယောက်နဲ့ တစ်နေရာရာမှာ ပြန်တွေ့ကောင်းပြန်တွေ့မယ်။
ပထမတစ်ယောက်က သိပ်(ကို)ကြီး(မား)တဲ့ နို့တွေ ရှိတယ်။ အဲဒီတုံးကတော့ သူမရဲ့နို့တွေ ဘာဖြစ်လို့ (အဲ)ဒီလောက်ကြီး(နေ)ရလဲဆိုတာ မသိခဲ့ဘူး။ နေရောင်က ၀ါးထရံကွက်တွေကြားက တိုးဝင်နေတယ်။ အခန်းထဲက အပူချိန်ကလည်း ကျွန်တော်တို့ရဲ့ အသက်ရှုသံနဲ့အတူ မြင့်တက်လို့ပေါ့။ ကိစ္စ၀ိစ္စပြီးသွားရင် ခနောနီခနောနဲ့ အိမ်သာခန်းကိုသွားပြီး ဆေးကြောသန့်စင်မှုပြုရတယ်။ ကျွန်တော် ခုပြန်စဉ်းစားလိုက်တော့ မှတ်မိနေတဲ့ သူမရဲ့သွင်ပြင်က အဲဒီလိုဆေးကြောနေရင်း ကျွန်တော်ကို့ မော့ကြည့်ပြုံးပြတဲ့ အပြုံးပဲ။ တခါတော့ ပင်လယ်ကမ်းခြေဆီ သူမရဲ့ မိတ်ဆွေတွေနဲ့ ခရီးထွက်မယ်ဆိုလို့ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ဆီက ရေဘင်မျက်မှန်တစ်လက်ယူပြီး ငှားရမ်းပေးလိုက်တယ်။ ကျွန်တော်သိတဲ့ ယဉ်ကျေးမှုရှိ(သည်ဆို)သော မိန်းမအများနဲ့ မတူ ရာဘာအစွပ်ကို ဖြုတ်ယူပေးခဲ့တာတွေကိုလည်း သူမအပေါ် ကျေးဇူးတင်ရှိကြောင်း ဒီနေရာမှာ တခုတ်တရ ပြောချင်တယ်။ သူမနဲ့ ကျွန်တော် ဆုံနေကြမဟုတ်တဲ့ တစ်နေရာမှာ ဆုံမိရင် မျက်လုံးနဲ့ပဲနှုတ်ဆက်ပြီး မျက်နှာလွှဲသွားတတ်ပုံကိုလည်း ခု ကျွန်တော် ပြန်လည်သတိတရပေါ့..။
ပင်လယ်ကဗွီးပင်တွေရဲ့ နောက်မှာ ညဟာတိတ်ဆိတ်နေခိုက် သူမ(ဒုတိယတစ်ယောက်)ရဲ့ ခြေမကို ကျွန်တော် နမ်းစုပ်ခဲ့တယ်။ အဲဒီရဲ့နောက်မှာတော့ ကျွန်တော်တို့နှစ်ယောက်ကြားက နေ့တွေဟာ လိုတာထက် ပိုပြီးရှည်လျားခဲ့တယ်။ ခန်းဆီးလိုက်ကာစတွေကို ဆွဲပိတ်ခဲ့တာ သူမလား ကျွန်တော်လားဆိုတာ အခုနေပြန်စဉ်းစားကြည့်တော့ ရေရေရာ မရှိလှဘူး။ မှာထားတဲ့အစားအစာကို အခန်းထဲလာပို့တဲ့အခါ တခါးထဖွင့်ပေးဖို့ ငြင်းဆန်တတ်တဲ့သူမဟာ ရေချိုးခန်းထဲမှာ လုပ်ငန်းအကောင်အထည်ဖော်တတ်သူဖြစ်တယ်။ Here Comes the Sun က ခပ်တိုးတိုး ပျံ့လွင့်နေခိုက် မာကျောပြောင်လက်နေတဲ့ အရောင်နုနု ကြွေပြားတွေပေါ်မှာ သူမရဲ့ စိတ်ထက်သန်မှုက ဒူးခေါင်းမှာ အသားမာတက်နေတဲ့ ကောင်မလေးတွေမြင်တိုင်း သူမကို ပြန်လည်အမှတ်တရ ဖြစ်စေလို့။
သူမ (တတိယတစ်ယောက်)ဟာ အလင်းရောင် ကြောက်သူဖြစ်တယ်။ အလင်းရောင်နဲ့ မတွေ့တာ ကြာလို့ အလင်းရောင်ကို စိုးရွံ့သွားတာလဲ ဖြစ်(ကောင်းဖြစ်)မယ်။ သူမရဲ့ ထူးခြားချက်ကတော့ တစ်လ ဒါမှမဟုတ် နှစ်လတခါ နာမည်ပြောင်းတတ်တာပဲ။ အဲဒီအတွက်ကြောင့် သူမရဲ့ နာမည်ကို ပြန်စဉ်းစားတဲ့အခါတိုင်း ကျွန်တော့်ကို အခက်တွေ့စေတယ်။ သူမရဲ့ နာမည်ကို မှန်ကန်စွာ မရေရွတ်နိုင်တဲ့အခါတိုင်းလည်း သူမရဲ့ နောင်လာမယ့် ကင်ပွန်းတပ်မင်္ဂလာအတွက် စရိတ်စက ကျခံဖို့ ကျွန်တော့်ကို ဖိအားပေးလေ့ရှိတယ်။ သူမမှာ ချစ်သူတစ်ယောက်ရှိပြီး သူမရဲ့ ချစ်သူကို လိုက်လံရှာဖွေပေးဖို့ ကျွန်တော့်ကို ပူဆာလေ့ရှိတယ်။ ဒါဟာ သူမကျွန်တော်ဆီက မျှော်လင့်တဲ့ တစ်ခုတည်းသောအရာလည်းဖြစ်ချင်ဖြစ်မယ်လို့ ခုဒီကဗျာကို ရေးနေရင်းနဲ့ တွေးမိတယ်။ သူမနဲ့ သူမချစ်သူတို့ရဲ့ ပတ်သက်ဆက်ဆံမှုတွေကို အသေးစိတ် ပြောမပြတာပဲ ကျွန်တော့်အတွက် သက်သာရာရစေတာပေါ့..မဟုတ်ဘူးလား။ သူမနဲ့ မဆုံဖြစ်တာကြာပြီးနောက် သူမခရီးဝေးထွက်သွားကြောင်းကြားသိရတော့ သူမရဲ့ ချစ်သူကို ရှာဖွေရန် ထွက်ခွာသွားခြင်းလား…။ မှတ်ချက်-ထိုသတင်းကို သယ်ဆောင်လာသော သူမ၏ သူငယ်ချင်းနဲ့ ကျွန်တော် (အလင်းရောင်း ကောင်းစွာ မရရှိသော အခန်းတစ်ခုအတွင်းမှာ) အတူတူ အိပ်စက်ခဲ့တယ်။
တစ်နေ့နေ့တော့ သူတို့ထဲက တစ်ယောက်ယောက်နဲ့ တစ်နေရာရာမှာ ပြန်တွေ့ကောင်း ပြန်တွေ့လိမ့်မယ်။
ကျွန်တော် နံပါတ်မထိုးလိုတော့တဲ့ နောက်တစ်ယောက်ကတော့ အရှိန်ခပ်မြင့်မြင့်မောင်းနှင်မှုကို နှစ်သက်တယ်။ ဗီဒီယိုဇာတ်ကားတွေမှာ တွေ့မြင်ရတဲ့ စွမ်းဆောင်မှုမျိုးကို တည်ဆောက်နိုင်စွမ်းရှိသည်။ သူမရဲ့ အညိုရင့်ရောင်အသားအရေဟာ ချောမွေ့လှပေတယ်။ ငုံထားတဲ့ ဘီယာတွေကို တစ်ယောက် ပါးစပ်ထဲ တစ်ယောက် အပြန်အလှန်ထွေးထည့်ကြအပြီး သူမအိပ်မောကျသွားခိုက် မိုးတွေသည်းသည်းရွာနေတဲ့ လမ်းပေါ်မှာ တစ်စုံတစ်ယောက်ဟာ (အလျံတညီးညီး တောက်လောင်နေတဲ့)မီးလျှံတစ်ခုကို သယ်ဆောင်ရင် ဖြတ်သန်းသွားလေရဲ့။ တခါတော့ သူမဆေးရုံတက်ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း လူမမာသတင်းမေး ရောက်သွားတယ်။ ဖြူလျော်နေတဲ့ သူမရဲ့ နှုတ်ခမ်းတွေကို ငေးနေခိုက် သူမက စာအုပ်တစ်အုပ်လှမ်းပေးရင်း ဖတ်ပြဖို့ ပြောတယ်။ ကြည့်လိုက်တော့ ..As I Lay Dying.. ။
သူမ (နောက်ထပ်တစ်ယောက်)ကတော့ လူသေကောင်လိုပဲ။ ဒါဟာ (အမျိုးသမီးတွေအပေါ်) ကျွန်တော်တို့ သုံးလေ့ရှိတဲ့ နာမ၀ိသေသနဖြစ်တယ်။ (အချို့သော နာမ၀ိသေသနများသည် အချို့သော နာမ်များကဲ့သို့ပင် လိင်ကွဲပြားကြောင်း ဤနေရာတွင် ဆွေးနွေးရန် မရည်ရွယ်ပါ။) ကျွန်တော့်အပေါ်ကို သူမငုံ့ကြည့်နေတာ မြင်ရဖို့ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အခြေအနေတစ်ရပ်ပေါ့။ သူမက ကျွန်တော့်ကို ချစ်တယ်လို့ ပြောလေ့ရှိတယ်။ တညတော့ ကျွန်တော်တရေးနိုးလာတဲ့အခါ သူမဘေးမှာ ရှိမနေခဲ့ဘူး။ ကျွန်တော်လည်း အလင်းခပ်သဲ့သဲ့ရှိနေတဲ့ ညထဲကို ထွက်လာခဲ့တယ်။ ညဘက်တရေးနိုးလို့ လမ်းထွက်လျှောက်ရတဲ့ အရသာကို ခင်ဗျားတို့တော့ သိချင်မှသိမယ်။ (ခင်ဗျားတို့တော့ သိချင်မှသိမယ်ဆိုတဲ့ စကားစုဟာ ပြောတဲ့သူအတွက် အဆင်ပြေပေမယ့် နားထောင်သူအတွက် သက်တောင့်သက်သမဖြစ်လှဘူးဆိုတာကိုလည်း (ကံအားလျော်စွာ) ကျွန်တော် သိပါတယ်။) သေးပေါက်ဖို့ အချိန်မပေးနိုင်လောက်အောင် တိုင်းပြည်အတွက် အလုပ်အကျွေးပြုခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို မှည့်ခေါ်ထားတဲ့ လမ်းမကြီးအတိုင်း ကျွန်တော် အေးဆေးငြင်သာ လျှောက်လာခိုက် ညရဲ့ခပ်ပါးပါးလေထုထဲမှာ အသံတိုးဖွကြားမိလို့ လှည်ကြည့်လိုက်တော့ သူမကို ကျွန်တော် တွေ့လိုက်ရတယ်။ အဲဒီညကစလို့ ညဖက်လမ်းလျှောက်ရတဲ့ အရသာကို ကျန်တဲ့လူတွေသုံးစွဲဖို့ ကျွန်တော် ချန်လှပ်ထားခဲ့တယ်။
ဒီကဗျာကို အပေါစားကဗျာလို့ခင်ဗျားက ဆိုချင်ဆိုမယ်။ ဒီကဗျာကို ဒီနေရာထိရောက်အောင် ဖတ်လာတဲ့ ခင်ဗျားလည်း အပေါစားပဲ။
ဒီကဗျာကို ညစ်ညမ်းတယ်လို့ ခင်ဗျားက ပြောချင်ပြောမယ်။ ဒီစာကြောင်းထဲရောက်လောက်အောင် ဖတ်လာတဲ့ ခင်ဗျားလည်း ညစ်ညမ်းသူပဲ။
တဆိတ်လောက်ထပြီး ဆေးကြောသန့်စင်မှုပြုစေချင်တယ်။
သူမတို့နဲ့ ကျွန်တော် အတူတကွ လုပ်ဆောင်ခဲ့သောအရာများအား စာရင်းပြုစုကြည့်မည်ဆိုလျှင် အစားတစ်မျိုးတည်းကို တူတူစား၊ အရက်တစ်မျိုးတည်းကို တူတူသောက်၊ ခုတင်တစ်ခုတည်းပေါ်မှာ တူတူအိပ်၊ ကောမစ်ဘွတ်တစ်အုပ်တည်းကို တူတူဖတ်အစရှိသည်ဖြင့်..။ သို့သော် ကျွန်တော်တို့ တူတူလုပ်လို့မရတဲ့ အရာတွေလည်း ရှိမယ်။ သို့တည်းမဟုတ် ကျွန်တော်တို့ တူတူမလုပ်ဖြစ်ခဲ့တဲ့အရာတွေလည်း ရှိခဲ့မယ်။ ထိုအရာတွေကို …..။

 

မဆ

Read Full Post »

အိမ်သာခွက်ဖြူဖြူသည် သူထွေးချလိုက်သော တံတွေးကြောင့် အနီရောင်စွန်းသွားသည်။ သွေးစများပါနေသော တံတွေးကွက်ပေါ်သို့ သူ့သေးလမ်းကြောင်းကို ဦးတည်လိုက်ရာ တဖြည်းဖြည်းချင်း မျောပါသွားတော့သည်။ နံရံတွင် ဖောက်ထားသော ခပ်သေးသေးလေ၀င်ပေါက်မှ မီးခိုးငွေ့အချို့ဝင်လာသည်။ တံစက်မြိတ်အစွန်မှ စီးကျနေသော မိုးရေစက်များအကြားတွင် မီးခိုးငွေ့များ ဖြတ်သန်းသွားသည်။ ရေစီးသန်သော ချောင်းတစ်ခုကို ဖြတ်သန်းဖောက်လုပ်ထားသော ကြိုးတံတားတစ်ခုကို မြင်ယောင်လာသည်။ ထိုတံတားပုံကို သူမကြာခဏ ညှပ်လေ့ရှိသော ဆံပင်ညှပ်ဆိုင်နံရံတွင်ကပ်ထားသည်။ ဆံပင်ညှပ်သည့်ကောင်မလေးတွင် လှပသော လက်ချောင်းများမရှိပါ။ သူမသည် လေယာဉ်ပိုင်သည့် သဌေးတစ်ဦး၏ စပွန်ဆာ ဖြစ်ရန် ကြိုးစားနေကြောင်း သူ့ကို ပြောပြခဲ့ဘူးသည်။ သူမထံမှ ထိုစကားကြားရပြီးနောက်ပိုင်း ဂူးဂဲတွင် လေယာဉ်ကတ်တလောက်အချို့ သူရှာဖွေ ကြည့်ရှုခဲ့သည်။ ပတ်ဝန်းကျင်မှ အငြင်းအခုန်ဖြစ်နေသော စကားသံများ သူ့နားအတွင်းသို့ တိုးဝင်လာသည်။ အသက်ကြီးပိုင်အမျိုးသားက သူ၏ ဇနီးဖြစ်ဟန်ရှိသူကို ထမင်းကြမ်းတွေ ဘာလို့ သွန်ပစ်လိုက်ရတာလဲဟု မေးနေသည်။ ဇနီးဖြစ်သူက ရှင့်သမီးသွန်ပစ်လိုက်တာဟို ပြန်ဖြေသည်။ အသက်ကြီးပိုင်း အမျိုးသား၏ မြားဦးက သမီးဖြစ်သူထံလှည့်သွားသည်။ နင်တို့က ပိုက်ဆံတန်ဘိုးမသိတဲ့သူတွေပဲ။ သမီးဖြစ်သူက ပြန်ပက်သည်။ မသွန်တော့ကော အဖေ့ထမင်းတွေ ဘယ်သူစားမှာမို့လဲ။ မိုးက ပိုသည်းလာသည်။ မိုးနှင့်အတူ လေပါပါလာသဖြင့် ကြိုးတံတားလေး လှုပ်ခါလာသည်။ ကြိုးတံတားအောင် ချောင်းရေထဲတွင် ကျောက်ခဲ့အချို့ မျောပါလျက်ရှိသည်။ ယင်းချောင်းကလေး၏ နံဘေးတွင် ယာတောအိမ်တစ်လုံးရှိသည်။ ယင်းအိမ်တွင် ဆွံ့အနေသာ အမျိုးသမီးတစ်ဦးရှိသည်။ ယင်းအမျိုးသမီးထံသို့ အမျိုးသားနှစ်ယောက်ရောက်လာသည်။ ထို့နောက် ပြန်ထွက်သွားကြသည်။ အမျိုးသမီးသည် နောက်ပိုင်းတွင် အမွှာကလေးနှစ်ယောက်  မွေးဖွားခဲ့သည်။ ဥသြဆိုသည့် နိုင်ငံခြားဇာတ်ကားတွင် သူ့ကြည့်ရှုခဲ့ရသည်။ လေယာဉ်စီးတိုင်း သေမှာကြောက်သည့် စိတ်က ပေါ်လာတတ်သည်။ မည်သည့်မိန်းမနှင့်မဆို စကားလက်ဆုံကျလေ့ရှိသော သူသည် လေယာဉ်မယ်များနှင့် စကားပြောလေ့မရှိပါ။ သူငယ်စဉ်က အဘွားထံမှ မုန့်ဖိုးရသဖြင့် အလွတ်ကျက်မှတ်ခဲ့ဘူးသော ဘုရားစာများကို ရွတ်ဆိုနေရသဖြင့် စကားမပြောခြင်း မဟုတ်ပါ။ ဆံပင်ညှပ်သည့်ကောင်မလေးကို လေယာဉ်မယ်အဖြစ် ပြန်လည်တွေ့ဆုံရသည် သို့မဟုတ် မိုးထဲလေထဲ လှုပ်ခါနေသော ကြိုးတံတားပေါ်တွင် သူမနှင့်အတူ ကူးဖြတ်သွားသည်ဟု အိမ်သာတက်နေစဉ် သူစိတ်ကူးကြည့်မိသည်။ အဘိုးအိုက မြေပြင်တွင် ပြန့်ကျဲနေသော ထမင်းလုံးများကို ပြန်လည်ကောက်ယူရန် ကြိုးပမ်းလျက်ရှိသည်။ သမီးဖြစ်သူက မလုပ်ပါနဲ့အဖေ။ အဖေဟာလေ..အဖေ့ဟာအဖေလည်း စိတ်ချမ်းသာအောင် မနေတတ်ဘူး။ သူများကိုလည်း စိတ်ချမ်းသာအောင် မထားဘူး။ အမေရေ..ကြောင်ကလေးတွေ မွေးနေပြီ။ အားလုံးတိတ်ဆိတ်သွားသည်။ ခဏနေတော့ မြင်ကွင်းထဲသို့ ကြောင်တစ်ကောင် ၀င်ရောက်လာသည်။ ဟဲ့ကြောင်မကြီးက မမွေးနိုင်လို့နဲ့တူတယ်ဟု ဇနီးဖြစ်သူက ပြောလိုက်သည်။ အဖေဖြစ်သူက ဟေ..ဟုတ်လား။ သမီးဖြစ်သူက မောင်လေးရေ..အပေါ်မှာ ဘယ်နှစ်ကောင်လဲဟု လှမ်းမေးသည်။ ထို့နောက် ဤ၀တ္ထုကို ရွှေအမြုတွေသို့  ပို့မည်။ သို့သော အင်တာနက်ဆိုင်သို့ ၀င်လာသူတစ်ဦးသည် ချေးပုံနင်းခဲ့ပုံရသည်။ မီးပျက်နေသဖြင့် လေ၀င်လေထွက်ကလည်း မကောင်းသဖြင့် ဤ၀တ္ထုကို ဤနေရာတွင် ရပ်ရပါတော့မည်။

Read Full Post »

နှင်းတွေက တအားကျနေတယ်။ ရှေ့ကို ဆယ်ကိုက်လောက်ထက် ပိုပြီး သဲသဲကွဲကွဲမမြင်ရဘူး။ ဒီဘက်ပလက်ဖောင်းကနေလှမ်းကြည့်လိုက်ရင် ဟိုဘက်ပလက်ဖောင်းကို ခပ်ရေးရေးပဲ မြင်နေရတယ်။ ပလက်ဖောင်းကျောဘက်ကရှိတဲ့ သစ်ပင်တန်းကတော့ နှင်းထုထဲမှာ အရိပ်မည်းတွေလို ၀ိုးတ၀ါး ဖြစ်နေလေရဲ့။ ဘူတာရုံထဲမှာ လူရှင်းနေတာ သူ ရုတ်တရက် သတိပြုမိလိုက်တယ်။ ခါတိုင်းဒီအချိန်ဆို ဘူတာရုံမှာ လူလေးငါးဆယ်ယောက်တော့ အနည်းဆုံးရှိနေကြ။ နှင်းတွေ တအားကျနေလို့လည်း ဖြစ်ချင်ဖြစ်မယ်။ လူရှင်းနေတယ်ဆိုပေမယ့် တစ်ယောက်မှ မရှိတာတော့ မဟုတ်ဘူး။ သူရဲ့ညာဘက် မလှမ်းမကမ်းမှာ ကောင်မလေးတစ်ယောက်ရှိနေတယ်။ သူ့ခေါင်းကို မသိမသာငဲ့ပြီးလှည့်အကြည့်မှာ ကောင်မလေးကလည်း သူ့ကို လှမ်းအကြည့် အကြည့်ချင်းဆုံသွားတယ်။ ဘေးမှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေ ရပ်တန့်သွားတယ်။ ရပ်သွားတဲ့ဆိုတာ နှင်းကျတယ်ဆိုတဲ့ ကြိယာ-ဖြစ်ပျက်ခြင်း ရပ်သွားတာမဟုတ်ဘူး။ ကျနေတဲ့နှင်းတွေဟာ မြေပြင်ပေါ်ကို ဆက်ပြီးဆင်းသက်ဖို့ နည်းလမ်းရှာမရတော့တဲ့ပုံမျိုးနဲ့ ရောက်ရာနေရာမှာ အူတီးအူကြောင် ရပ်နေပုံမျိုးရပ်သွားတာ။ အလိုလိုနေရင်း သူမကို လက်ယမ်းပြလိုက်မိတယ်။ သူမကလည်း သူ့ကို ပြန်ပြုံးပြတယ်။ သူမနားကို သူတိုးသွားလိုက်တယ်။ သူမနဲ့သူရဲ့ကြားက အကွာအဝေးကို ထက်ဝက်လျှော့ချလိုက်တယ်ဆိုရင် ပိုမှန်မယ်။ “နှင်းတွေ တအားကျတာပဲ” မူမမှန်တဲ့ လေသံနဲ့ သူက ပြောလိုက်တယ်။ သူမက သူ့ကို ပြုံးတယ်ဆိုရုံလေး ပြန်ပြုံးပြတယ်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးကို နောက်ထပ် ထက်ဝက်လျှော့ချလိုက်တယ်။ အဲဒီနေ့က သူတို့နှစ်ယောက် ရထားပေါ်မှာ တစ်ခုံတည်း ထိုင်ဖြစ်ကြတယ်။ နောက်နေ့တွေလည်း ဘူတာရုံလေးထဲမှ သူတို့နှစ်ယောက် အချိန်မှန် ဆုံဖြစ်ကြတယ်။ ရထားကြီးကတော့ အချိန်မှန်ရောက်တဲ့အခါလည်း ရောက်လာ၊ နောက်ကျတဲ့အခါလည်း နောက်ကျပေါ့။ လက်မှတ်စစ်ဦးလေးကြီးက ရထားနောက်ကျမယ်ဟေ့လို့ ပြောတဲ့နေ့တွေဆို ဘူတာရုံဘေးက ကန်စွန်းခင်းလေးကိုဖြစ်ပြီး ခုံပုလေးတွေ ခင်းထားတဲ့ လက်ဘက်ရည်ဆိုင်မှာ သူတို့ထိုင်ဖြစ်ကြတယ်။ ရထားမလာခင်အချိန်တွေမှာ လက်ဘက်ရည်ဆိုင်လေးက ကြာနီကန်ဆရာတော်ရဲ့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို မှန်မှန် တင်ဆက်တတ်တယ်။ ဆီများများ ပဲပလာတာကို စားပြီးတိုင်း ကောင်မလေးရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို တစ်ရှုးနဲ့ သူသုတ်ပေးတတ်တယ်။ ဒါမျိုးရေးရတာ ထင်သလောက်မလွယ်ဘူးဗျ။ မလွယ်ဘူးဆိုတာ ခက်တယ်လို့လည်း မဆိုလိုဘူး။ ခင်ဗျားတို့ထဲက စိတ်ပါရင် နဲနဲလောက် ၀ိုင်းရေးစေချင်တယ်။ ပြီးရင် ဒီအီးမေးလ်ကို ပို့ထားပေးဗျာ။ kanyan.writer@gmail.com

Read Full Post »

ပရိုလော့ဂ်

–       မြန်မာနိုင်ငံရေးသမိုင်းကို ခေတ်ပြိုင်ကမ္ဘာ့သမိုင်းပေါ်တင်ကြည့်ခြင်း

–       အိပ်စတင်ရှယ်လစ်ဇင်ကို ဗုဒ္ဓစ်ဇင်ပေါ် တင်ကြည့်ခြင်း

–       ထမင်းစားပွဲဘေးမှာ ကပ်ရိုက်ထားတဲ့စင်ပေါ် ငရုတ်ကောင်း အချို့မှုန့်ပုလင်းတွေ တင်ကြည့်ခြင်း

ဟဲဟဲ..

တစ်ခုမှ မဟုတ်ပါခင်ဗျာ..မိန်းကလေးတွေရဲ့ တင်ကိုကြည့်တဲ့ တင်ကြည့်ခြင်းအကြောင်း ပြောမလို့ပါ။

၁။

ကျွန်တော့်ကို တင်ကြည့်တတ်အောင် သင်ပေးခဲ့တဲ့ လက်ဦးဆရာကတော့ ပုဗ္ဗာစရိယလို့ ဆိုကြတဲ့ ကျွန်တော့်အဖေနဲ့ ဒါရိုက်တာမီးပွားပါပဲ။ ခြောက်တန်းခုနှစ်တန်းလောက်မှာ မြန်မာကားတစ်ကားကြည့်နေရင်း ဈေးသွားဈေးပြန်အမျိုးသမီးတွေရဲ့ နောက်ကျောဘက်ကိုပဲ အကြောင်းမယ်မယ်ရရမရှိဘဲ ရိုက်ပြနေတဲ့ မြင်ကွင်းတစ်ခု ပါလာပါတယ်။ အဖေက “ဒါမှမီးပွားကွ”လို့ ရေရွတ်ပါတယ်။ အဲဒါ ဟောင်းအိုင်ကိမ်းတူနိုးသတ် မင်းဝတ်ခ်ျဝီးမင်းစ်ဘတ်တော့စ် ပါပဲ။ ဒါပေမယ့် တင်ကြည့်တယ်ဆိုတာပဲသိတယ်။ အရသာတော့ မခံတတ်သေးဘူး။ တင်(မိန်းမတင်)ဆိုတာ ကြည့်ရတဲ့အမျိုးပဲဆိုပီး လိုက်ကြည့်တော့လည်း ဘာဖီလင်မှ မလာဘူးဗျ။

၂။

တင်ကြည့်တဲ့ ကိစ္စကို အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးတာကတော့ နန်းဦးပဲ။ နန်းဦးကာတွန်းတစ်အုပ်မှာ “အပျိုမစစ် ထိုကာတစ် ရစ်၍ရစ်၍ ယမ်းလိ့မ်မည်။ အပျိုအစစ် ထိုကာတစ် နိမ့်တုံမြင့်တုံ ခုန်လိမ့်မည်”ဆိုတာ သွားဖတ်မိတယ်။ ဒီစာလေးဖတ်မိတော့ အရင်ဆုံးလုပ်ရတာတော့ ဖားသားစတတ်ဒီပေါ့။ ကာတစ်ဆိုတာ ဘာမှန်းမှ မသိဘဲကိုး။ ဒါမျိုးက ရွာဦးကျောင်းဆရာတော် ပြေးလျှောက်လို့ရတဲ့ ကိစ္စလဲမဟုတ်။ နောက်ဆုံး ဆံပင်ညှပ်ဆရာ ကိုဘိုနီ (ကျွန်တော်တို့ကတော့ ကဘိုနီလို့ခေါ်)ဆီက သိရ ထင်တာပဲ။

အဲဒီမှာ နန်းဦးဟိုက်ပိုသီးဆစ်ကိုင်စွဲပီး တင်တွေကို အနယ်လိုက်စစ်လုပ်တော့တာပဲ။ မိုးကလျာကတော့ ရစ်နေပီ။ စုစုရည်ကတော့ ခုန်သေးတယ် စသည်ဖြင့်ပေါ့။ (နောက်ပိုင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သီအိုရီတွေ အတော် စုမိဆောင်းမိ ရှိလာတော့ နန်းဦးဟာ တစ်ခုတည်း မကိုးတော့ပါ။ အဲဒီသီအိုရီတွေ စုထားပီး အလုပ်အကိုင် မကောင်းတဲ့အခါ သင့်ချစ်သူအား ကျွန်ုပ်ရှေသို့ သုံးမိနစ်မျှ ခေါ်လာပါ။ ../.. အတပ်ဟောမည်ဆိုပီး ဟောခန်းဖွင့်မယ် မှတ်တာပဲ။)

၃။

သုတကနေ ရသအဆင့်ရောက်ဖို့က ကြားမှာ အများကြီး ကြာသေးတယ် (နန်းဖစ်ရှင်သမားများအား စောင်းမြောင်းခြင်း မဟုတ်ပါ)။ ရစ်သလား/ခုန်သလား ခွဲခြားတဲ့အကြည့်နဲ့ ကြည့်ရာကနေ တအိအိတုန်နေတဲ့ တင်သားကို အရသာခံပြီးတစိမ့်စိမ့်ကြည့်နိုင်တဲ့ အဆင့်ရောက်ဖို့ ကြားထဲမှာ လေးငါးခြောက်နှစ်လောက် ကြာတယ်ဗျ။ ဂျီတီအိုင်တက်နေတုံး သူငယ်ချင်းတစ်ယောက်က ဖြတ်သွားတဲ့ကောင်မလေးကိုကြည့်ရင်း “ခင်မိုးဝေေ၀တောင် တော်တော်မိုက်လာပြီ”လို့ ပြောလိုက်တယ်။ ခင်မိုးဝေေ၀က ကျွန်တော်တို့နဲ့ ငယ်ငယ်တဲက သိလာတာ။ ဘယ်လိုမှမမိုက်ဘူး။ ရုပ်ကိုပြောတာပါ။ ဒီကောင်ကြည့်တဲ့နေရာကိုလိုက်ကြည့်မိမှပဲ သဘောပေါက်သွားတယ်။ ဟဲဟဲ..ဟုတ်တယ်ဗျ။ ခင်မိုးဝေေ၀ မိုက်လာတယ်။

၎။

ရှာဖွေတွေ့ရှိချက်တွေဟာ သူ့ချည်းသက်သက်ဆိုရင် အကျိုးမရှိပေမယ့် အပလိုင်းလုပ်နိုင်ရင်တော့ လူဘောင်လောကကို ပြောင်းလဲတိုးတက်စေခဲ့တယ်ဆိုတာ အားလုံးအသိပဲမဟုတ်ပါလား(ဘာလေကြီးလဲဟ)။ တင်ကြည့်ရတဲ့အရသာကို သိရပြီးတဲ့နောက်မှာတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော်နဲ့ ပေါင်းပြီး အပလီကေးရှင်းအော့ဖ် တင်ကြည့်ခြင်းကို လုပ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို “တင်ကြုံစီးခြင်း”လို့ အမည်တပ်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်သား လမ်းလျှောက်နေရင်း ကောင်မလေးတစ်ယောက် ရှေ့ကသွားနေတာတွေ့ရင် သူ့ရဲ့နောက်နား မလှမ်းမကမ်းထိ လိုက်ပြီးမှ ခြေလှမ်းမှန်မှန်နဲ့ နောက်က ကြည့်ရင်း ဆက်လိုက်သွားတာကို ခေါ်တာပါ။ တခါတလေ လမ်းကြောင်းကလည်းသင့်နေ၊ ရှုခင်းကလည်း သာယာနေလို့ကတော့ ကိုယ်သွားရမယ့်နေရာကို ဘယ်လိုရောက်သွားမှန်းမသိပဲ ရောက်သွားတတ်တယ်ဗျ။ ဒီနေ့အထိလည်း အထပ်မြင့်တိုက်တွေတက်တဲ့အခါ အမောသက်သာအောင် တင်ကြုံစီးတုံးပါပဲ။

၅။

ဟိုဖတ်ဒီဖတ်နဲ့ ကမ္ဘာ့စာပေမှာ ရသမြောက်ခြင်းနဲ့ အညှီဟောက်ဆန်ခြင်းကြားက စည်းဟာ ပါးပါးလေးပဲဆိုတာ တွေ့ရပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ တင်ကြုံစီး အဲလေ..တင်ကြည့်ခြင်းကို ဒီမှာပဲ ရပ်ပါတော့မယ်။ စာကို ပြောတာပါ။ ကျွန်တော့်အနေနဲ့ကတော့ ဘတ်စ်ကားစီးရင်း၊ လက်ဘက်ရည်ဆိုင်ထိုင်ရင်း တင်ကြည့်ခြင်းကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်းနဲ့ ကိုယ့်တင်ကိုအကြည့်ခံချင်စိတ်မပေါက်ခြင်းကို ဂုဏ်ယူစွာဖြင့် သူများတင်တွေကို အားကြိုးမန်တက်ကြည့်ဆဲ ကြည့်လတ္တံဖြစ်ပါကြောင်း…

 

တင်ကြည့်လျက်..

 

Read Full Post »

ဦးတင်စိန်-မြန်မာကွန်တင်ပိုရီပိုဝက်။ ။ဘယ်ဟာကိုခံစားရမလဲ ရွေးဖို့အချိန်မရှိဘူး

ကိုညွန့်ခင်-မြန်မာကွန်တင်ပိုရီပိုဝက်ထရီအနယ်လစ်။        ။ခံစားဖို့အချိန်မရှိဘူး

သန်းထွန်းဦးရဲ့ အင်္ဂါနေ့ကို ဖတ်နေခဲ့တယ်။ fbပေါ်မှာ စတိတ်တုံးက သူငယ်ချင်းတွေ ပြန်ရှာနေမိတယ်။ ဘာမှ သစ်စရာမရှိလို့ နှစ်ကိုပဲ သစ်လိုက်ရတယ်။ အဲလိုရေးခဲ့တယ်။ ရှစ်တန်းတုံးက ရန်ဖြစ်လို့ သူမခဲတံနှင့်ထိုးခဲ့သောအရာလေး လက်ဖမိုးတွင်ရှိဆဲ။ သူမပင်လယ်လေရှုဖို့ထွက်သွားတယ်။ အဲဒီလို ကရော်ကမယ်ရေးပစ်ချင်တယ်။ ဒါပေမယ့် မဟုတ်ဘူး။ လစာနှစ်ဆရမယ့်ဒေသတစ်ခုဆီ မူလတန်းပြဆရာမလေးအဖြစ် ကျွန်းမကြီးကို စွန့်ခွာသွားခဲ့တယ်။ သူမနာမည်ကို ရိုက်ထဲ့လိုက်တော့ ရန်ကုန် ၃၊ မလေးရှား ၁၊ စင်ကာပူ ၁၊ မန္တလေး၁။ ဘော်စတန် ၁။ ကမ်းယံမှာရေးထားတာတွေ ပြန်ဖတ်နေခဲ့တယ်။ နန်းနန်းရဲ့ မိုးပြာအောက်က သံလွင်ဖတ်နေခဲ့တယ်။ ပန်းခူးရင် အမြစ်မပါစေနဲ့လို့ အဖြူတွေက သူတို့ကလေးတွေကို ငယ်ငယ်တည်းက သင်သတဲ့။ ကျွန်တော်ဟာ ‘မီးခိုးငွေ့ မီးခိုးမျှင်’ထဲက ဇာတ်ကောင်လို သိုင်းဝတ္ထုတစ်ထပ်နဲ့ ကျန်ခဲ့။ ဒီနှစ်/ဆောင်း/လ/ဂြိုဟ်ခွင်မှာ သောက်ကံကောင်းနေပါတယ်။ မေပဲလ်သီးရဲ့ရနံကို ပုလင်းထဲထိသယ်ဆောင်လာတာ ဒါမှအနုပညာ။ နာဇီခေတ်ကအကြောင်း ၀တ္ထုတိုများဖြင့်သာ သရုပ်မဖော်ထားလျှင် ယခုလောက်အချိန်တွင် နာဇီခေတ်ကြီးကို မေ့ပျောက်သွားကြမည်သာဖြစ်သည်။

Read Full Post »

“အလကားပေးတာ ယူမယ့်လူမှ မရှိတာ။ ရောင်းလိုက်ဖို့ပဲ ရှိတော့တယ်”

သူမက ငြိမ်နေလိုက်သည်။

“ခက်တာက အဖေကလည်း ပေးလိုက်ပြီးရင် ရံခါဆိုသလို သူ့မိုးသီးကို သွားကြည့်ချင်သေးတာ။ ရောင်းလိုက်ရင်တော့ အဲဒီအခွင့်အရေး ဘယ်ရတော့မလဲ”

ဇော်က ပြောရင်း သူမရဲ့အခန်းကို လိုက်ကြည့်နေသည်။ ရိုးရိုးပဲ ကြည့်တာလား။ ဒီလောက်ခန်းအကျယ်ကြီးမှာ မိုးသီး နေရာမပေးနိုင်ဘူးလားဆိုပြီး ကြည့်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ အခန်းထဲမှာ တိရိစ္ဆာန်တစ်ကောင်နဲ့ အတူနေဖို့ စိတ်ကူးလို့မရနိုင်ပေ။

“ကိုယ် မှော်ဘီဘက်က အန်ကယ်တင့်ဆီ သွားကြည့်လိုက်ဦးမယ်။ မင်းလိုက်မလား”

“မလိုက်တော့ဘူး။ ငါ ဂရင်းမီးရထားမှာ ယောဂအတန်းရှိတယ်”

အခန်းထဲက ထွက်သွားသည်အထိ မိုးသီးက သူမကို အားကိုးသော မျက်လုံးအစုံဖြင့် ကြည့်နေဆဲ။ သူမအတန်းဖျက်ပြီး ဇော်နှင့် လိုက်သွားပေးရင် အကောင်းသားလို့ တွေးနေမိသည်။ မဖြစ်သေးပါဘူး။ သူမအတန်းမှာ သင်တန်းသားက သိပ်မများသေး။ တော်ကြာ ပိုင်ရှင်က နောက်တစ်တန်းအတွက် မငှားပဲနေဦးမည်။ သူမအတွက် အခုအချိန်မှာ ယောဂတန်းက ၀င်ငွေကလည်း အရေးကြီးနေသည်။ လောလောဆယ်သူမတွင် အင်္ဂလိပ်စာအတန်းက တစ်ခုသာရှိသည်။ သူမရောက်ခါစနှစ်တွေကလောက် အဆင်မပြေလှ။ ထိုစဉ်ကတော့ သူမအနေဖြင့် သံရုံးသင်တန်းတချို့ရော..အပြင်က သင်တန်းတွေမှာပါ အလုပ်တွေရခဲ့သည်။ နောက်တော့ နာဂစ်မုန်တိုင်းတိုက်သည်။ နာဂစ်တိုက်ပြီးနောက်ပိုင်း တစ်နှစ်ကျော်နှစ်နှစ်လောက်အထိကတော့ နာဂစ်နဲ့ပတ်သက်တဲ့ အလုပ်တွေ တစ်ခုပြီး လုပ်နေခဲ့ရသည်။ အစီရင်ခံစာတွေ ရေးပေးရတာ၊ စာအုပ်တွေတည်းဖြတ်ပေးရတာ၊ အကြံပေးလုပ်ရတာ။ အဲဒီတုံးကဆို ဇော်နှင့်လည်း ကတောက်ကဆ ခဏခဏ ဖြစ်ရသည်။ အလုပ်တွေရှုပ်လိုက်၊ ဇော်နှင့်ရန်ဖြစ်လိုက်၊ ဇော်နှင့်ရန်ဖြစ်ထားတုံး ဗီဇာကလည်း ကုန်တော့ တော်ပြီ..ပြန်မလာတော့ဘူးဆိုပြီး သူမရဲ့နိုင်ငံအထိ ပြန်သွားလိုက် ဖြစ်နေခဲ့သေးသည်။

နောက်တော့လည်း မနေနိုင်ပါဘူး။ ဒီမှာနေနေစဉ် မသိသာပေမဲ့ ဒီနိုင်ငံကနေထွက်သွားရင် ဇော့်ကိုပဲ သူမ သတိရနေမိသည်။ အိုင်ဗရီကို့စ်ဘက်သွားဖို့ အလုပ်တစ်ခုလျှောက်ထားတာ အင်တာဗျူးတဆင့်အောင်ပြီးမှ ဆက်မဖြေဖြစ်တော့။ သူမရဲ့ ခြေလှမ်းတွေက ဇော်နဲ့ ဝေးရာဆီသို့ လှည့်၍မရ။

နောက်ဆုံးတခေါက်လာတာကတော့ တကယ့်ကို အားတင်ပြီးလာခဲ့ရတာဖြစ်သည်။ သံရုံးက သူမကို အလုပ်ပေးသော်လည်း အတန်းတတန်းစာသာဖြစ်ပြီး လခအတော်နည်းနေသည်။ အပြင်က သင်တန်းတွေမှာကလည်း မွေးရာပါအင်္ဂလိပ်စကားပြောတတ်တာကလွဲလို့ ဘာပညာရေးအတွေ့အကြုံနောက်ခံမှ မရှိတဲ့သူတွေ အတော်များများက ဈေးကွက်ကို ဖျက်ထားကြသည်။ သူမကတော့ သူတို့ဈေးနှင့်မသင်နိုင်။ နောက်ပြီး သူတို့တွေနဲ့လည်း ရောပြီး မသင်နိုင်။ ဒီလိုနဲ့ သူမယောဂကောင်းကောင်းတတ်တာ သိထားတဲ့ သူငယ်ချင်းတစ်ယောက် ချိတ်ပေးတာနဲ့ ဂရင်းမီးရထားမှာ ယောဂဆရာမ ဖြစ်လာတာဖြစ်သည်။ အဲဒီအတန်းကလည်း အခြေအနေသိပ်အကောင်းကြီးမဟုတ်။ သင်တန်းသား သိပ်မရ။ သူမရဲ့ သင်တန်းသားတစ်ယောက်ကတော့ နေပြည်တော်မှာ သွားလုပ်ချင်ရင် ချိတ်ပေးမည်ဟု ပြောသည်။ နေရေးလည်းအဆင်ပြေ၊ လစာလည်းကောင်းစေရမည်ဟု အာမခံသည်။ တကယ်သွားလို့ ဖြစ်နိုင်မဖြစ်နိုင်တော့ မစုံစမ်းကြည့်ရသေး။

နေ့လည်စာကို အခန်းထဲမှာပဲ စားလိုက်ပြီး အပြင်ထွက်ရန်ပြင်သည်။ မြို့ထဲက ပြန်လျှင်တော့ မြေနီကုန်းစီးတီးမတ်က ပေါ်ပြူလာစာအုပ်ဆိုင်မှာ စာအုပ်ဈေးပွဲဝင်ရမည်။ ပေါ်ပြူလာက ပုံမှန်အားဖြင့် ဈေးကြီးပေမယ့် ဈေးပွဲတော်မှာတော့ တန်တန်ရာရာလေးတွေ ရချင်လည်းရနိုင်သည်။

တက္ကစီက အင်းလျားကန်ဘေးက ဖြတ်မောင်းနေတုံး မိုးဖွဲလေးတွေကျလာသည်။ သူမနေခဲ့သည့် လေးငါးနှစ်အတွင်း ရန်ကုန်မှာ မတ်လကြီး မိုးရွာခဲသည်။ အခုတော့ နှစ်ပတ်လောက်ရှိပြီ။ သုံးလေးရက်လောက် မိုးရွာလိုက်။ နေပြန်ပွင့်လာလိုက်။ ပြန်ရွာလိုက်။ ရွှေဂုံတိုင်ပွိုင့်မှာ မိနေတုံး ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ ဇော့်ဆီက။ မိုးကပိုသည်းလာနေသဖြင့် မှန်ကို အပြည့်ပိတ်လိုက်ရသည်။ တော်သေးသည်။ ငှားလာသည့်ကားက ထူးထူးဆန်းဆန်း အဲကွန်းကောင်းနေပေလို့။ မိုးသံကြောင့်လား ဇော့်ဖုန်းက လိုင်းသိပ်မမိလို့လားမသိ။ ကောင်းကောင်းမကြားရ။ မိုးသီးကို အန်ကယ်တင့် ခြံနီးချင်းတစ်ယောက်က လက်ခံမည်တဲ့။ တစ်လတခါဆိုသလိုလည်း လာကြည့်လို့ရသည်။ အင်း..ဇော့်အဖေက နောက်ဆို ဇော့်ပဲ လွှတ်နေမှာ လို့ သူမက ပြောလိုက်သည်။ ဇော်ကရယ်လျက် အေး..နောက်တခေါက်ဒီကိုလာရရင်တော့ မင်းလဲလိုက်မှ ဖြစ်မှာ..။ ဖုန်းကျသွားသည်။

 

Read Full Post »

တံခါးကို ဟလိုက်သည်နှင့် ၀မ်းနည်းအားငယ်မှုတို့ အထင်းသားပေါ်လွင်နေသည့် မျက်ဝန်းအစုံကို တွေ့လိုက်ရသည်။ တံခါးတွင် ချိတ်ထားသော သံကြိုးလေးကို သူမ ဖြုတ်လိုက်သည်။

“ဒါက ဘယ်လိုဖြစ်တာလဲ”

“ဘယ်လိုဖြစ်ရမလဲ။ အဖေတို့က အိမ်ပြောင်းတော့မှာလေ..။ သူတို့ပြောင်းမဲ့ကွန်ဒိုမှာ ခွေးမွေးလို့မရဘူးတဲ့”

မိုးသီးက ဇော့်ခြေထောက်နှစ်ချောင်းကြားမှ နေ၍သူမကို စိုက်ကြည့်နေသည်။ သူကလည်း အခြေအနေကို နားလည်သဘောပေါက်နေသည့်အလားပင်။

တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းအစုံကို မျက်နှာလွှဲလိုက်ပြီး ဇော့်ကို သူပြောလိုက်သည်။

“နိုး..နိုး၊ ဇော်..မရဘူး၊ ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

သူမ၏ ငြင်းဆိုမှုကို ကြားလိုက်ရသော်လည်း ဇော့်မျက်နှာက သိသိသာပြောင်းလဲမသွား။ ဇော့်ပုံစံက အမှတ်စစ်သည့်ဆရာမများထံ အမှတ်ဘယ်နှမှတ်အတွက် ငွေဘယ်လောက်ဆိုတာမျိုး ပေးခဲ့ပြီးဖြစ်၍ အောင်စာရင်းတကယ်ထွက်သည့်အခါ ရင်ခုန်မှုမရှိသည့် ကျောင်းသားတစ်ယောက် အသွင်ကို ဆောင်နေသည်။

မိုးသီး၏ ကျောကို သူမသပ်ပေးနေစဉ် ဇော်က မီးဖိုဆောင်ဘက်သို့ ထွက်သွားသည်။ ပြန်ထွက်လာတော့ ကော်ဖီနှစ်ခွက်ယူလာသည်။ သူမလည်း ဆံပင်များခြောက်အောင် တဘက်ဖြင့် သေချာသုတ်နေလိုက်သည်။ “စူးစူးကိုကော ဘယ်လိုလုပ်ထားသလဲ”။ စူးစူးမှာ ဇော့်တို့မွေးထားသည် နောက်ထပ်ခွေးတစ်ကောင် ဖြစ်သည်။ စူးစူးက စပင်နီယယ်ဖြစ်ပြီး မိုးသီးက အယ်ဇေးရှင်းဖြစ်သည်။

“စူးစူးက ယူမယ့်လူရှိတယ်”

“အင်း…မိုးသီးကျတော့ ဘယ်လိုဖြစ်လို့လဲ”

“အသိထဲမှာက ခြံရှိတဲ့လူက သိပ်မရှိဘူးလေ။ ကိုယ်တော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး”

သူမ တိတ်ဆိတ်နေသည်။ ဒီစကားကို ဇော်ပြောလိုက်သည်က သူမထံမှ အကြံညဏ်လိုချင်၍ မဟုတ်ဆိုသည်ကို သူမသိပြီးသား။ ဒီလိုပဲ အကြံအိုက်စရာ ကြုံလျှင် ဇော် သူမဆီ ပြေးလာစမြဲ။ ကိုယ်တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူးဟု ပြောစမြဲ…။ နောက်တော့ သူ့ဖာသာသူ ဆုံးဖြတ်ချက်တစ်ခုချစမြဲ။ အစပိုင်းကတော့ သူမက ၀င်ပြီး အကြံပေးတာတွေ ဘာတွေလုပ်သေးသည်။ ရွေးစရာလမ်းနှစ်ခုရှိလျှင် သူမပြောသည်ကို မရွေးဘဲ သူထင်ရာကိုပဲ ရွေးတတ်တာမို့ နောက်တော့ သူမ ဘာမှ ၀င်မစွက်တော့။

ဇော်နှင့် သူမ ပတ်သက်ခဲ့သည်မှာ ကြာပြီ။ ချစ်သူတွေ ဖြစ်ခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။

စိတ်ကူးတွေက အတိတ်ဆီသို့ ပြန်ပြေးသွားသည်။ ၂၀၀၇ခုနှစ်က ဒီနိုင်ငံသို့ သူမ ပထမဆုံးရောက်လာပြီး တစ်ပတ်မပြည့်ခင် ဇော်နှင့် စတင်ဆုံဆည်းခဲ့သည်။ အဲဒီနေ့က အသိတစ်ယောက်က အပြင်မထွက်ဖို့ မေးပို့ထားပေမယ့် ဂျာနယ်လစ်တစ်ယောက်အဖြစ် အသက်မွေးခဲ့ဘူးသည့် သူမရဲ့ ဗီဇက တိုက်တွန်းသဖြင့် သူမအပြင်သို့ထွက်လာခဲ့သည်။ ကမ္ဘာအေးဘုရားလမ်းတလျှောက် ဖြတ်သန်းလာပြီး မြို့ထဲသို့ ရောက်လာသည်အထိ ဘာတစ်ခုမျှ ထူးထူးခြားခြားမတွေ့ရ။ ဆူးလေးဘုရားလမ်းတွင်တွေ့ရသည့် ကော်ဖီဆိုင်တစ်ဆိုင်တွင် ၀င်ပြီး မနက်စာစားတော့ နံနက် ကိုးနာရီကျော်ကျော်ခန့်ရှိမည်။ နာရီဝက်ခန့်အကြာတွင် လမ်းမတလျှောက် မြင်ကွင်းမှာ ပြောင်းလဲလာသည်။  ဂျာနယ်လစ်တစ်ယောက်အဖြစ် ငါးနှစ်ခန့်လုပ်ကိုင်ခဲ့သည့် အလေ့အကျင့်က သူမကို ဆိုင်ပြင်သို့ တွန်းပို့လိုက်သည်။

သူမတွင်ပါလာသော ကင်မရာဖြင့် လူအုပ်ကြီးကို ဓာတ်ပုံရိုက်သည်။ သူမသတင်းထောက်လုပ်ခဲ့စဉ်က သူမနေထိုင်ရာနိုင်ငံရှိ မြို့ပြသတင်းများကိုသာ ရေးသားခဲ့ခြင်းဖြစ်သည်။ ဒီလို တတိယကမ္ဘာနိုင်ငံတစ်ခုရဲ့ အဓိကရုဏ်း မျိုးကတော့ ၀ပ်ရှော့တွေမှာ တခြားသူတွေ ပြောတာကိုသာ နားထောင်ခဲ့ရတာဖြစ်သည်။ လူအများ၏ အော်ဟစ်သံက ဆူညံလျက်ရှိသည်။ ဘုန်းတော်ကြီးများက ဗုဒ္ဒ၏ ပုံများကို ကိုင်ဆောင်ထားကြသည်။ လုံခြုံရေးတပ်ဖွဲများ ချီတက်လာသည်ကိုလည်း တွေ့မြင်နေရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်က လက်ကိုင်အသံချဲ့စက်ဖြင့် တစ်စုံတစ်ရာကို အော်ဟစ်နေသည်။

အခြေအနေမှာ ထင်ထားသည်ထက် အများကြီး ဆိုးရွားနေမှန်းသူမ သတိထားလိုက်မိသည်။ ထို့နောက် သေနတ်သံများထွက်ပေါ်လာသည်။ စောစောက တစုတစည်းတည်း ရှိနေသော ဘုန်းကြီးများနှင့် လူအုပ်ကြီးမှာ ဖရိုဖရဲ ဖြစ်သွားသည်။ ပြေးလွှားနေသော လူအုပ်မှာ သူမနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း မကြာမီ သူမရှိရာသို့ ရောက်လာတော့မည်ဖြစ်သည်။ အနောက်ဘက်ရှိ ဆိုင်ခန်းတစ်ခုခုထဲသို့ ခွင့်တောင်းဝင်ရောက်ရန် ကြည့်လိုက်သော်လည်း တံခါးများ ပိတ်ထားသည်ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းရှိ သူမစောစောက ထိုင်ခဲ့သော ကော်ဖီဆိုင်မှာ ဘယ်အချိန်က အလူမီနီယံလိပ်တံခါးကို ချလိုက်မှန်းပင်မသိလိုက်ရ။

ထိုစဉ်မှာပင် သူမကျောဘက်ဆီမှ ဟေး..ဒီကို လာခဲ့ဆိုသော ပီသသည့် အင်္ဂလိပ်စကားသံကို ကြားလိုက်ရသည်။ ဘေးဘီကို လည့်ကြည့်တော့ သူမကို ကြည့်နေသူ ဘယ်သူမှမတွေ့ရ။ ဟေး..အပေါ်မှာ..ဒီမှာ။ အပေါ်ကို မော့ကြည့်လိုက်တော့ ပထမထပ်အခန်းတစ်ခုမှ လူငယ်တစ်ယောက်က သူမကို လက်ယပ်ကို ခေါ်နေသည်။   သူမလည်း ကမန်းကတန်းအပေါ်သို့ ပြေးတက်ခဲ့သည်။ သူမထက် ငါးနှစ်ခန့်ငယ်ပုံရသော ထိုလူငယ်က သူ့ကိုယ်သူ ဇော်ဟု မိတ်ဆက်ရင်း လိပ်စာကဒ်ပြားတစ်ခု ကမ်းပေးသည်။

Read Full Post »

တဖြည်းဖြည်းနှင့် မြစ်ပြင်ကို လရောင်နှင့် တံတားပေါ်မှ မီးရောင်တို့က တ၀က်စီ သိမ်းပိုက်လိုက်သည်။ သူ့ရဲ့ ခရေပွင့်တွေလည်း ပျက်စီးကုန်ပီ။ ဘယ်လို့မှ မခံနိုင်တော့တဲ့အဆုံး ငြင်းရမလားဆိုပီး ဓားနဲ့ထိုးသတ်လိုက်ကြတယ်။ မြင်ကွင်းထဲသို့ ဈေးသင်္ဘောကြီးဝင်ရောက်လာသည်။ နဲနဲလှမ်းနေသဖြင့် သင်္ဘောပေါ်တွင် ဘာကုန်တွေပါလဲဆိုတာ မမြင်ရ။ သူပြောတဲ့ ဆယ့်ရှစ်ယောက်ဆိုတာ အိုဗာတင်းဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမယ့် အပွင်မတွေက မိန်းမတွေထက်တော့ အန္တရာယ်ပိုများတာ အမှန်ပဲ။ သူတို့က တပြိုင်တည်းအများဆုံး သုံးယောက်လောက်ပဲကြုံကြရတာ။ မြစ်ဝကျွန်းပေါ်ဘက်က တောင်းတွေ ပလုံးတွေပါလာတတ်တယ်။ ဒီလိုပဲတစ်နေရာကတစ်မျိုးပေါ့။ ညောင်ဦးရောက်ရင် ပုံးရည်ကြီး။ ပခုက္ကူရောက်ရင် သနပ်ခါး။ နှစ်နံစပ်လုံချည်တွေ။ မန္တလေးရောက်ရင်တော့ တရုတ်တွေပေါ့။ သူတို့ကလည်း မျှားတာပဲ။ အလန်းလေးဆိုပီလိုက်သွား။ ဟိုရောက်မှာ တအုပ်ကြီး။ ရောက်သွားမှ ငြင်းဖို့မလွယ်ဘူး။ ဖြိုရတာပဲ။ ဓားတွေ ချိန်းကြိုးတွေ မိုးထားတာ။ အဲဒီအခါမျိုးကျရင်တော့ စိတ်ထဲမှာ ကိုရီးယားမင်းသားရိန်းကိုပဲ စိတ်ကူးနေလိုက်တယ်။ ဆိုကရေးတီးပေါ့။ အကုန်လုပ်မှ တစ်အုပ်လုံးပြိုတာ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ဈေးသင်္ဘောတွေနဲ့ လျှောက်လိုက်ဘူးတယ်။ ကျွန်တော်တို့ကတော့ မြစ်ရိုးတလျှောက် ဈေးသင်္ဘောကြီးနဲ့ တရွာဝင်တရွာထွက် လျှောက်သွားရတာမျိုးကို စိတ်ကူးယဉ်ကြည့်နေတာ။ ဈေးသင်္ဘောပေါ်က တကယ့်ဈေးသည်တွေကတော့ ဘယ်ရောက်ရင် ဘာရောင်းပီး ဘာဝယ်လို့ ဘယ်လောက်ကျန်မလဲပဲ တွက်နေရတာ။ မြစ်ပြင်ပေါ် လရောင်ဖျာတာလည်း သိမှာမဟုတ်ဘူး။ မီးတွေလင်းထိန်နေတဲ့ တံတားကြီးအောက်က ဖြတ်သွားတာလည်း သတိပြုမိမှာ မဟုတ်ဘူး။ ဒီလိုပဲတစ်နေရာမှာ ကြာရှည်တည်မြဲလာတော့လည်း အပြောင်းအလဲ လုပ်ဖို့ကမလွယ်တော့ဘူး။ ခင်ဗျားတို့ အလုပ်ပြုတ်တော့မယ်လို့ ပြောပေမယ့် သူကတော့ ဘာမှမဖြစ်ဘူး။ သူ့မှာအတွေ့အကြုံ့ ရင့်နေတာကိုး။ ဒီဆယ်နှစ်အတွင်းမှ သုံးခါလောက်တော့ ပြောင်းခဲ့ပြီလေ။ မဟုတ်လား။ အဓိကကတော့ အိမ်ထောင်စုထဲမှာ ပိုက်ဆံရှာတဲ့လူတစ်ယောက်ပဲရှိရင်တော့ ဒုက္ခရောက်မှာပဲ။ ရုံးပတီကင်၊ ပဲပြားကင်၊ အာလူးကင်တို့ရောက်လာသည်။ ညခင်းလေးကား အေးမြစိုပြည်ခဲ့ပြီ။ ကျွန်တော့ကတော့ အချစ်နဲ့ အိမ်ထောင်ရေးကို ခွဲထားစေချင်တယ်။ အိမ်ထောင်ရေးထဲမှာ အချစ်ဟာ မရှင်သန်နိုင်တော့ရင် သူ့ကို အပြင်တစ်နေရာမှာ မွေးမြူရမှာပဲ။ မျက်လုံးလေးတွေပိတ်သွားတတ်တဲ့ သူ့အပြုံးကို ဘယ်လိုမှ မမေ့နိုင်ဘူးဖြစ်နေတယ်။ ခင်ဗျားပြောတဲ့ ဘူးသီးကို လက်သည်းနဲ့ဆိတ်ထားတဲ့ပုံလေးပေါ့။ ဟာ..ငါးကင်ပါ မှာထားတာလား။ သူများတွေကို ဒုက္ခလိုက်ပေးနေပေမယ့် ကိုယ့်ကိုကို သူတော်ကောင်းလို့ ထင်နေတာတော့ အဆိုးဆုံးပဲ။ ဒီလောက်ကြီး ဒုက္ခပေးဖို့ဆိုတာကလည်း သူငယ်ချင်းအရင်းကြီးမို့ပေါ့။ ဟဲဟဲ။ ဘေးလူကတော့ ဒီလောက်ထိကပ်လို့ရမလားဗျ။ ယိုးဒယားဟင်းချိုလေ..ဟို တစ်ယောက်စာခွက်လေးတွေနဲ့ အဲဒါ။ ဟုတ်တယ်။ ဈေးသင်္ဘောကြီးက တံတားရဲ့ ဟိုဘက် အမှောင်ရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

Read Full Post »

I’m Still a Virgin

အဲဒါ ဘာအရောင်လဲဟု ပန်းချီဆရာကို မေးလိုက်သည်။ မက်ဂနက်တာဗျ။ ဟာ…ကျွန်တော်သိချင်တာ မြန်မာလို ..မရမ်းစေ့ရောင်လား။ ခရမ်းနုရောင်လား။ ပန်းချီဆရာက တိတ်ဆိတ်နေသည်။ သူ/သူမမွေးဖွားကြီးပြင်းရာ တောင်ပေါ်ရွာကလေးမှ ဒီမြေလတ်မြို့ဆီ ရောက်ရှိလာသည့် ခရီးစဉ်ကို သိချင်နေမိသည်။ တဖြည်းဖြည်းနှင့် မဂနက်တာတွေက နက်မှောင်လာသည်။ သူကတော့ ပူနွေးဆဲ ညနေခင်းကို သူ့ရဲ့မှတ်ညဏ်ထဲမှာ စနစ်တကျ သိမ်းထုပ်နေမိသည်။ အဘွားအိုတစ်ယောက် ခေါင်းလောင်းကို ထိုးနှက်လိုက်သည်။ ထို့နောက်တွင်မူ ရင်ပြင်တစ်ခုလုံးကို ဆည်းလည်းသံကသာ လွှမ်းမိုးထားတော့သည်။ ကင်မရာအပါချာကို ချိန်ညိရင်း ဆည်းဆာကို မျက်နှာမူလိုက်သည်။ ရုပ်သံလွှင့်တိုင်နှစ်ခုကို မြင်နေရသည်။ ထရိုင်ပေါ့ပါမလာသဖြင့် လှေကားလက်ရမ်းပေါ်တင်ကာ ၁၉၇၄ခုနှစ်ကဆောက်လုပ်ထားခဲ့သော သံတတား ထို့နောက် တလူလူလွင့်နေသော မီးခိုးစများ ထို့နောက် ထုံးဖြူဖြူစေတီလေး။ တကယ်တမ်းတော့ သူမဟာ ချစ်စရာ မကောင်းဘူးဆိုလျှင်တောင် စွန့်ပစ်ထားခဲ့ရက်စရာလည်း မရှိဘူးမဟုတ်လား။ vulnerable သူမ။ ဒါပေမယ့် သူမ၏ နေ့ရက်များကို ခြောက်ကပ်သော အိပ်မက်များနှင့် ဖြတ်သန်းနေရသည်။ သူမမှာအားနည်းချက်ရှိသည်ဆိုလျှင် လူတွေကို ဒုက္ခမပေးတတ်သလောက် အကူအညီလည်း မပေးတတ်တာပဲ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူမမှ တောင့်တသော ဆန္ဒတွေရှိသည်။ ဆာလောင်မှုတွေရှိနေသည်။ ဒါတွေကို ဘယ်လိုပင် ဖုံးဖိထားသောလည်း တစွန်းတစတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ ရှုခင်းသာဆိုပီး ပန်းခြံသေးသေးလေးတစ်ခုကို ခြံခတ်ထားသည်။ ရှုခင်းသာ၏ လမ်းတစ်ဘက်တွင် ဓာတ်ဆီဆိုင်ရှိသည်။ ဓာတ်ဆီဆိုင်ရှင်အမျိုးသမီးသည် ထန်းလက်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း လမ်းမကို ငေးနေသည်။ သူ၏ zoom အတွင်း ၀င်ရောက်နေထိုင်မိသည်ကို သူမသတိပြုမိပုံမရ။ လမ်းတစ်ဘက်ရှိ တောင်ကုန်းလေးပေါ်သို့တက်သော အုတ်လှေကားလေးပေါ်သို့ တက်လာခဲ့သည်။ ရှုခင်းသာပန်းခြံလေးအတွင်း စိုက်ပျိုးထားသော သစ်ပင်များ၏ ထိပ်ဖျားနှင့် ကင်းလွတ်သောအမြင့်တစ်နေရာသို့ရောက်သည်နှင့် ကျယ်ပြန့်သော မြစ်ပြင်ရှုခင်းကို တွေ့လိုက်ရသည်။ အုတ်လှေကားထစ်များအတိုင်း ပြန်ဆင်းအလာတွင် ပန်းချီဆရာနှင့် သူမတို့ တက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့က အပေါ်ပြန်တက်လိုက်လာဖို့ ခေါ်သည်။ ခဏနေတော့ ပြန်ဆင်းလာကြသည်။ အပေါ်မှာ လူနေအိမ်တွေနဲ့ဗျ။ သူ့အတွက်တော့ အုတ်လှေကားလေးအတိုင်း တက်သွားသော တောင်ကုန်းလေးပေါ်တွင် ဘာမဆို ရှိနေနိုင်သည်ဟူသည့် ခံစားမှုက ပျောက်ပျက်မသွား။

Read Full Post »

« Newer Posts - Older Posts »