Feeds:
Posts
Comments

Archive for the ‘Uncategorized’ Category

 

အဲဒါ ၁၉၉၈ ဖြစ်မယ်
လစ္စလမ်းမယ် နက်ဝါ့ကင်းတက်နေခက်တဲ့အချိန်တွေ
သင်တန်ကြေးပေးရတာခြင်းတူတူကို ဒေါ်လာနက်ပေးဖြေရတဲ့ စာမေးပွဲ ၀င်ဖြေမက်သူနဲ့ မဖြေနိုင်မက်သူကို ခွဲသင်ထဲက အဲ့သင်တန်းကို မရောက်ဖြစ်တော့
တကယ်က သင်တန်းခန်းထဲကို မရောက်ဖြစ်တော့တာ
သင်တန်းရှိတက် စသုံးလုံးရုံးရှေ့တော့ မှန်မှန်ရောက်တယ်
သင်တန်းက ကျူတာမလေးတယောက်နက် ငြိလိုက်သေးတာကိုး

 

သင်တန်းကနေ အပေါ်ဘက်တက်လာရင် ပန်းဆိုးတန်းဘက်က ပန်းတက်တာများတယ်

ပလက်ဖောင်းမယ် စာအုပ်ဟောင်းလေးဘာလေးကြည့်တယ်

ဗန္ဓုလပေါ်ကွေ့လိုက်တာနဲ့ ၃၇လမ်းထိပ်မယ် သံမနိုင်ကျောက်မနိုင်ရောင်းတဲ့ ဘဲကြီးတွေ့မယ်

ရန်ကုန်မြို့ရဲ့ သက်တမ်းရင့် စထရိဗင်ဒါတွေထဲ ဒီဘဲ ထိပ်ဆုံးကပါတယ်

၃၈ လမ်းထိပ်မယ် ကိုညီညီ့စစ်ကလက်ဆိုင်ရှိနယ်

ကုလားအုတ် ဒန်းဟေး ၀င်စတန် မာဘိုရိုဘူးစိမ်း

မင်းကြားဖူးတဲ့ တံဆိပ် ပြောလိုက် ငါ့မယ်ရှိနယ်ဆိုတာမျိုး
ကျွန်တော်ကတော့ ဂျေပီအက်စ်ကို သွားကြိုက်တယ်
ဂျေပီအက်စ်စသောက်ဖြစ်ရတာက ဘော်ဒါတစ်ယောက်ရဲ့ အဖေညွှန်လို့

အဲဒီဘော်ဒါရဲ့ ညီမကို ကြောင်ချင်လို့ အက်ကောင်မရှိတဲ့ အချိန်တွေ သူ့အိမ်သွားသွားနေရင်း အက်ကောင်အဖေနက် စကားလေးဘာလေးပြောဖြစ်တယ်

ပင်စင်စား အဘိုးကြီးညွှန်တက် JPS ကို ဂေါ်မလားဆိုပြီး သောက်ကြည့်ရင်း ငြိသွားတယ်

၃၉လမ်းထဲချိုးလိုက်ရင် မန်းလေး စတေရှင် (နံပတ်မမှတ်မိ) ရှိတယ်

ကိုက်လန်ခရုဆီကို အဲဒီမှာ စစားဖူးတာပဲ

ထိပ်ဘက်မှာတော့ ဒိန်ချဉ်ဆိုင် (နီလာဝင်းထင်တယ်) ရှိတယ်

ဒိန်ချဉ်နဲ့ သစ်သီးဖျော်ရည်ကောင်းကောင်းရတဲ့ဆိုင်ပေါ့

(အခုနှစ်နှစ်ဆယ်အကြာမှာတော့ ဘီအီးဆိုင်လိုလိုဖြစ်နေပြီ)

လွစ္စလမ်းထိပ်ရောက်လာရင် ၃၉ တွေ လူခေါ်နာ တွေ့ရမယ်
ယုဇနပလာဇာဟာ အဲဒီတုံးက ရန်ကုန်မြို့ရဲ့ ဂျန်းရှင်းစကွဲပေါ့

နောက် အောင်မင်္ဂလာ သီတာ ကျောက်မြောင်းပေါ့

ပြီးရင် တာမွေပေါ့ အိုးစုပေါ့ အက်တုံးက မေတ္တာတွေ အညွန့်မတက်သေးဘူး

၃၉ အမျိုးမျိုးရှိပေမက် တာမွေထိပဲ တူတယ်
၃၉ ဟိုင်းလပ်က စံပြဈေးဘက်ရောက်မယ်
၃၉ ဗိုက်ပူ အစိမ်းဆွင် ပဒေသာဆယ်ရပ်ကွက်ဈေးဘက်က ဖြတ်တယ်ထင်တယ် မသေချာတော့

၃၉ အ၀ါက မြင်သာကနေဖြတ်တယ် ဂိတ်ဆုံးဆွင်ဒဂုန်မြောက်ထဲထိရောက်တယ်
အဲ ဒီ၃၉ အ၀ါနက်လိုက်ပီး မြင်သာမှာဆင်း

ပြီးရင် ဆိုက်ကားငှားချင်ငှား ဗွက်ထဲလမ်းလျှောက်ချင်လဲလျှောက်

ဘတ်စကားပြေးတဲ့ လမ်းမကြီးကနေ နောက်ထဲ သုံးလေးလမ်းဝင်လက်ရင် ဖာအိမ်တွေရှိတယ်

ဒီနှစ်ပိုင်းတွေထဲ ကျော်နက်သိတဲ့လူတွေ မြို့ထဲကနေ မြို့စွန်ဘက်ရွှေ့ရွှေ့သွားတာများတယ်
ဖာတွေကတော့ မြို့စွန်ကနေ မြို့ထဲများ ပြန်ရွှေ့လာကြသလားပဲ

ဟိုတနေ့ကပဲ စိတ်တိုင်းကျ တဖြစ်လဲ ကလပ်က မ,လာတဲ့ ဖာလေးက မေးကြည့်တော့ သတိပဌာန်မယ်နေသတဲ့
ကိုယ်တောင် သတိပဌာန်နား မကပ်နိုင်
ဖာမလေးနံမည်က အရင်က ဆော်တပွေနက် နံမည် သွားတူနေတယ်
ဒီနေရာမှာ ကာယကံရှင်တွေ မထိခိုက်စိမ့်သောငှာ “မီ” လိုပဲဆိုကြပါစို့
ကိစ္စ၀ိစ္စပီးတော့ မီက စစ်ကလက်သောက်ချင်သတဲ့
လုပ်ပီးရင် စစ်ကလက်သောက်..သောက်ပြတက် ကိုရီးယားကားတွေ အကြည့်များထင်ပါရဲ့
ကိုယ့်မလဲ ဂျေပီအက်စ်နက်အဝေးမှာ (ဟိုတ”မီ”နက်လဲ အဝေးမှာ)

အိုက်စ်ဘလတ်ဆိုတာ ထုတ်ပေးလိုက်တော့
ဆြာမက ပူရှိန်းပါတာ မသောက်ပုတဲ့
ဟင်..
အဲဒါဆို အဖုကို မနှိပ်နဲ့လေလို့ပြောလဲပြော မီးလဲညှိပေးလက်ရတယ်

 

 

Read Full Post »