အရောင်တောက်တောက် စွပ်ကျယ်ဝတ်ထားတဲ့ ဒီခပ်၀၀လူပဲ
ပိုက်ဆံကြေး ဖဲကစားလို့
ပြတင်းပေါက်ဘေးက ဒီစားပွဲမှာပဲ
ဂျင်းဂျာကင်နဲ့ ဒီကောင်မလေးပဲ
ရှပ်အင်္ကျိက ဆွယ်တာအပြင်ထွက်နေတဲ့
မျက်နှာနီနီလူရဲ့ နောက်ကျောကို ပုတ်လို့
ဒီ အသားညိုညိုလူပဲ
ဝိုင်းထဲဝင်လာ
အရင်တခါလိုပဲ ဒေါသတွေကြီးလို့
အခုပဲ ဖဲချပ်တွေ အော်ဟစ် ပစ်ချတော့မယ့်ပုံနဲ့
သံဇကာ ဂိတ်တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ
နေ့လယ်စာ ကြက်တောင်ပံဟင်း ကျွေးတဲ့အခါ
နေ့တိုင်းဝင်လာတာ
ဒီလူအုပ်ပဲ
ငါလည်းဒီမှာ
အေးမက်စ်က လာတဲ့ ဖိနပ်ကို စီးလို့
ပန်းရောင်သားမွေးကုတ်နဲ့
မျက်နှာလိမ်းကရင်မ်၊ သွားတိုက်ဆေး၊
အားဆေးပုလင်း၊ ကာဘွန်စက္ကူ
အကြွေစေ့တွေထဲ့ထားတဲ့ ပလတ်စတစ်အိတ်၊ ကြိုက်တာယူ တစ်ဆယ်ဆိုင်က
ဝယ်လာတဲ့မျက်မှန်တွေ ထည့်ထားတဲ့
ဖဲပြားတပ် အိတ်ကို ကိုင်လို့
ငါကဗျာတွေနဲ့ ငါ့စာအုပ်တွေတော့
စားပွဲအောက်က ငှားလာတဲ့ ခရီးဆောင်သေတ္တာထဲမှာ
ကဖင်းမပါတဲ့ ကော်ဖီတခွက်နဲ့
ငါဒီမှာ ထိုင်လို့
သူတို့ ဖဲကစားတာကို ကြည့်နေတယ်
ငါဟာ အိမ်ခြေယာမဲ့
ငါဘယ်သူလဲဆိုတာ ငါမေ့ခဲ
ပြီးတော့ ဒီကိုမလာခင် ငါဘယ်မှာရှိခဲ့သလဲဆိုတာရော
နှစ်နာရီလုံးလုံး ငါဟာ
သူတို့ရဲ့ အာဗန်းဂတ် ဇာတ်လမ်းထဲမှာ
ဘက်ကက်ကို ဘေးချလို့
ငါဟာ တည်နေရာမဲ့နေခဲ့
ဘရန်ဒွန်က ငါ့အိမ်ဆီ ပြန်ပို့မယ့်
အဖြူအစိမ်း ဗားမောင့်ထရန်စစ် ဘတ်စ်ကားကြီး
ဝင်လာတာ
ပြတင်းပေါက်က မြင်ရတဲ့ထိ
Ruth Sonte’s In The Next Galaxy မှ
ကဗျာလာဖတ်တယ်နော်…
ကဗျာလာဖတ်တယ်..။ ကျွန်တော်သဘောကျတယ်..။ ဆက်ရေးပါဦး..။