ဒီနေ့လို မနက်ဖြန်လို ပြန်သွားရဦးမယ်။ ဟုတ်တယ်။လှေထိုးသားပဲလေ။
မိန်းမရတာ နှစ်နှစ် ရှိတော့မယ်။ဒီတစ်ခေါက်တော့ သန်းခေါင်စာရင်း အသစ်လုပ်ဖို့ရှိတယ်။နောက်နှစ်မှာ ကျွန်တော်လျှောက်ဖြစ်မယ့် သံယောဇဉ်လမ်းက
အကွေ့တွေ များမယ်။
ခရီးရှည်မယ်။ကျွန်တော်ဟာ အမှိုက်စလေးတစ်ခုလို လေထဲလွင့်နေတယ်။ရွာမယ့်ဟန်နဲ့ ထစ်ချုန်းနေတယ်။အုံ့မှိုင်းနေတယ်။ရှစ်နှစ်လောက်အတွင်း အရေးအသားဆိုင်ရာ အားရ/အားကျဖွယ် လူတစ်ယောက်ပြောသလို ကျွန်တော်က
အဆင်ပြေနေတယ်။အလိုက်သင့် အလျားသင့်ဖြစ်နေတယ်။အဆီအငေါ်တည့် နေတယ်။အစာရေစာ ဝဝလင်လင်စားနေရတယ်။သူများ လက်တွေကိုကြည့်ပြီး လက်ဆစ်တွေတဖြောက်ဖြောက်ချိုးနေတယ်။
နံရံကပ်စက္ကူတွေပြန်ခွာတဲ့ ကိုသိန်းမောင်ကိုလည်း ကဗျာဟောင်းတွေကိစ္စ မမေးလိုက်ဘူး။
တိုင်းမ်ဇုန်တွေကို ဖြတ်သန်းရင်း အသက်က တစ်ရက်ငယ်လိုက် တစ်ရက်ကြီးလိုက်
ဖြစ်ရဦးမှာပဲ။
ဒီနှစ် ရေပွဲတော်မှာလည်း ရေမရောမိပြန်ဘူး။
ပီမို (၂၀၁၃)
Leave a Reply