လူသေအလောင်းတလောင်းအဖြစ်
သူ၏ သရုပ်ဆောင်ဘဝကို စတင်ခဲ့သည်
နောက်တကားတွင်
ကလေးတယောက်က ကိုယ်ဝန်ဆောင်ကို ပစ်ပေါက်လိုက်သော နှင်းဘောလုံး
(ထိုနှင်းဘောလုံးကြောင့် ကိုယ်ဝန်ပျက်ကျသွား) အဖြစ်ပါဝင်သည်
ထို့နောက်သူ ကံပိုလိုက်လာသည် ပြောရမလား
ရာစုနှစ်တဝက်လောက် ပရိသတ်ရင်ကို ဖမ်းစားခဲ့သည့် မင်းသမီးနှင့် တွဲဖက်ပါဝင်ခွင့်ရ
(ထိုကားတွင် မြစ်ရေအဖြစ် သူပါဝင်ခဲ့ပြီး
မင်းသမီး၏ နာမည်ကျော်ပေါင်များကို
သူ အောက်မှ ပင့်၍ အားရပါးရ ကြည့်ခွင့်ရ)
ထို့နောက်ကားရိုက်ပြတ်သွားပြီး ငွေလိုသဖြင့်
သိပ်အရေးမပါသော အခန်းမှ ပါဝင်ရန် သဘောတူခဲ့ရသည်
ထိုကားတွင် စိတ္တဇ လူသတ်သမား မင်းသား၏ မျက်နှာဖုံးအဖြစ် သူ ပါဝင်ခဲ့
(စကားကို သွားကြားမှလာသောလေသံဖြင့်ပြောရင်း
ခြောက်ကပ်ကပ်ရယ်သံကို ပြုလုပ်နေစဉ် မင်းသားမျက်ရည်ကျနေသည်ကို သူမြင်ခဲ့)
Leave a Reply